ကျောက်ဖြစ်ရုပ်ကြွင်းကို ပြတိုက်မှာထားဖို့ ဒေသခံတွေပြော

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကြီးကို တွေ့ရစဉ် / Photo: ညဏဝဇီရ အရှင်ဇာဂရ
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ပေ ၁၀၀ ကျော်ရှိတဲ့ ကျောက်ဖြစ်ရုပ် ကြွင်းကြီးကို ပြည်ပကို မရောင်းချဘဲ နိုင်ငံတော်ကဦးဆောင်ပြီး ပြတိုက်အဖြစ်နဲ့သာထားရှိစေချင်တယ်လို့ ဒေသ ခံတွေက ဒီနေ့ ပြောပါတယ်။

သမိုင်းတန်ဖိုးရှိတဲ့ ဒီကျောက်ဖြစ်ရုပ်ကြွင်းကြီးကို တစ်ခြားနိုင်ငံတွေဆီ ရောင်းစားခံရတာမျိုး မဖြစ်စေချင် ဘဲ နိုင်ငံပိုင်အဖြစ်သာထားစေချင်တယ်လို့ အဲဒီရွာရဲ့ ကျောင်းဆရာ ဦးကျော်ဌေး က ပြောပါတယ်။

"နှစ်သန်းပေါင်းမြောက်များစွာကနေပြီးတော့ ဖြစ်ခဲ့တဲ့ကျောက်ဖြစ်ရုပ်ကြွင်းကိုဗျ၊ နိုင်ငံပိုင်အနေနဲ့ဆို ရင်တော့ နိုင်ငံရဲ့ပြယုတ်အဖြစ်နဲ့ ဆိုရင်တော့ ဒေသခံတွေက လက်ခံတာပေါ့ ဥပမာတစ်ယောက်ကနေ ကုမ္ပဏီကနေပြီး တစ်ခြားနိုင်ငံတွေဆီရောင်းပစ်လိုက်တာမျိုးကို လက်မခံချင်ဘူးဖြစ်နေတယ်"

အဲဒီကျောက်ဖြစ်ရုပ်ကြွင်းကို ပြီးခဲ့တဲ့နှစ်က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အခုလက်ရှိအချိန်ထိ တူးဖော် ထားသလောက်အရ အရှည် ပေ ၁၀၀ ကျော်ခန့်၊ လုံးပတ် အရင်းပိုင်းမှာ ပေ ၂၀ ကျော်ရှိပြီး လုံးပတ် အဖျားပိုင်းမှာ ၁၀ ခန့်ရှိတယ်လို့ ပြောပါတယ်။

Tree Jade ဆိုတဲ့ကုမ္ပဏီက အဲဒီကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိထားတာဖြစ်ပြီး ပြည်ထောင်စု အစိုးရဆီ လုပ်ပိုင်ခွင့်ပြုထားပေးပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က အဲဒီကျောက်ဖြစ် ရုပ်ကြွင်းကို ကုမ္ပဏီက သယ်ယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ဒေသခံတွေက တားမြစ်ခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရှေ့ဆက်ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ဒီကနေ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ ဆွေးနွေးနေကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောက်ဖြစ်ရုပ်ကြွင်းကို ပြတိုက်မှာထားဖို့ ဒေသခံတွေပြော ကျောက်ဖြစ်ရုပ်ကြွင်းကို ပြတိုက်မှာထားဖို့ ဒေသခံတွေပြော Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.