ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်သမားသေဆုံး


ကန့်ဘလူ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ် ခအုံးတာကျေးရွာနှင့် ပေကြီးကျေးရွာကြား ရွှေသဖန်း စားသောက်ဆိုင်အနီး ရွှေဘို-မြစ်ကြီးနားမဟာဗျူဟာကားလမ်း မိုင်တိုင်အမှတ် ၃၂/၇ နှင့် ၃၃/ဝ အကြားတွင် ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်က ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ ပြီး ဆိုင်ကယ်မောင်းနှင်သူသည် အခင်းဖြစ်နေရာတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က ရွှေဘို-မြစ်ကြီး နား မဟာဗျူဟာကားလမ်းအတိုင်း တောင်မှမြောက်သို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့(ခေတ္တ ရန်ကင်းရပ်ကွက် ရန်ကင်း လမ်း မုံရွာမြို့)နေယာဉ်မောင်း မသူဇာ မောင်းနှင်လာသော ယာဉ်အမှတ်2P/---- M2 45 BEGING အမျိုး အစား အဖြူရောင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိသွားပြီး တောင်မှမြောက် သို့ ကန့်ဘလူမြို့နယ် ဆူးတပ် ကျေးရွာနေ ဇော်လင်း မောင်းနှင် လာသောKENBO 125အ နက် ရောင်ဆိုင်ကယ်ကို ဝင်ရောက် တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ ဇော်လင်းမှာ နှာခေါင်းသွေးထွက် ဒဏ်ရာ၊ ဝဲဘက်ခြေဖမိုးစုတ်ပြဲ ဒဏ်ရာတို့ဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

သို့ဖြစ်ရာသေဆုံးသူအလောင်း အား မှုခင်းဆေးစာနှင့်အတူ ဇီး ကုန်းဆေးရုံသို့ပို့ဆောင် ထင်မြင် ချက်တောင်းခံခြင်း၊ ယာဉ်အား အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင် သူ မသူဇာအား ဇီးကုန်းနယ်မြေ ရဲစခန်းမှ ယာဉ်(ပ)အမှတ် ၃၉/ ၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-ကအရဖမ်းဆီးပြီး ချုပ်မိန့်ရမန် တောင်းခံသွားရန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)
The Union Daily
https://www.facebook.com/uniondaily.net
ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်သမားသေဆုံး ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်သမားသေဆုံး Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.