အတုအစစ်ခွဲရန် မလွယ်သော အမေရိကန်ဒေါ်လာ ၁၀၀ တန်အတု တောင်ကိုရီးယား၌ ဘဏ်တာဝန်ရှိသူများ တွေ့ရှိ


ဆိုးလ် ၁၃-၁၂-၂၀၁၇

အရည်အသွေး အလွန်မြင့်မားသော အမေရိကန်ဒေါ်လာ ၁ဝဝ တန် ငွေစက္ကူအတု တစ်ရွက်ကို တောင်ကိုရီးယား ဘဏ်တစ်ခုက တွေ့ရှိခဲ့ရာ စီးပွားရေးအရေးယူ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည့် မြောက်ကိုရီးယားနိုင်ငံသည် တန်ဖိုးမြင့် အမေရိကန်ဒေါ်လာ ငွေစက္ကူတုများ စတင်ရိုက်နှိပ် နေပြီဟူသည့် ထင်ကြေးများ ပေါ်ထွက်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

ဆိုးလ်မြို့ရှိ ဘဏ်တစ်ခု၌ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တွေ့ရှိခဲ့ရသည့် အမေရိကန်ဒေါ်လာ ၁ဝဝ တန်ငွေစက္ကူသည် အစစ်နှင့် ခွဲမရအောင်တူညီသည့် ငွေစက္ကူဖြစ်ကြောင်း ကေအီးဘီဟာနာ ဘဏ်ငွေစက္ကူအတု၊ အစစ်ကျွမ်းကျင်သူများအဖွဲ့၏ အဆိုအရ သိရသည်။

အဆိုပါ ငွေစက္ကူသည်ကမ္ဘာပေါ်၌ တွေ့ရှိဖူးသမျှ အမေရိကန် ဒေါ်လာငွေစက္ကူအစစ်နှင့် အတူဆုံး ငွေစက္ကူဖြစ်သည်။

ယင်းငွေစက္ကူအတုကို ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၁ဝဝ တန်ဖိုးရှိသည့် ငွေစက္ကူ ထုတ်လုပ်မှု အလုပ်ရုံရှိရန် လိုအပ်မည်ဖြစ်ရာ သာမန်ရာဇဝတ်ဂိုဏ်းများ အနေဖြင့် ထုတ်လုပ်ရန် မဖြစ်နိုင်ကြောင်း ကေအီးဘီ ဘဏ်တာဝန်ရှိသူများက သုံးသပ်ထားသည်။

ထို့ပြင် ယခုတွေ့ရှိထားသည့် အမေရိကန်ဒေါ်လာ ၁ဝဝ တန်ငွေစက္ကူသည် နောက်ဆုံးထုတ် အမေရိကန်ဒေါ်လာ ၁ဝဝတန်ငွေစက္ကူ အစစ်များအတွက် အသုံးပြုမည့် ပုံနှိပ်ပညာနှင့် မင်အမျိုးအစားကို အသုံးပြုထားကြောင်း
သိရသည်။

PyiChitThar
အတုအစစ်ခွဲရန် မလွယ်သော အမေရိကန်ဒေါ်လာ ၁၀၀ တန်အတု တောင်ကိုရီးယား၌ ဘဏ်တာဝန်ရှိသူများ တွေ့ရှိ အတုအစစ်ခွဲရန် မလွယ်သော အမေရိကန်ဒေါ်လာ ၁၀၀ တန်အတု တောင်ကိုရီးယား၌ ဘဏ်တာဝန်ရှိသူများ တွေ့ရှိ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.