တစ်နှစ်အတွင်း အမျိုးသမီးသုံးဦးကို တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် လင်မယားကိုဖမ်းမိ


မြစ်ကြီးနား ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ်မှ ယခုနှစ် အတွင်းအမျိုးသမီးသုံးဦးကိုတရုတ် ပြည်သို့လူကုန်ကူးခဲ့သည့် လင် မယားကို ဖမ်းမိခဲ့ကြောင်း မြစ်ကြီး နားမြို့ အမှတ် ၁၂ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှယမန် နေ့က သိရသည်။

အဆိုပါ အမျိုးသမီးသုံးဦးမှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှင့် ကာမိုင်းမြို့နယ်နေသူများဖြစ် ပြီး ယင်းအမျိုးသမီးသုံးဦးထဲမှ တစ်ဦးမှာပြန်လွတ်လာပြီး သတင်း ပေးချက်အရ ယင်းလင်မယားကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
''နိုဝင်ဘာ ၂၉ ရက်ကတည်း က ဖမ်းမိခဲ့တာပါ။ ကောင်မလေး တွေအမေနဲ့ တရားခံဒေါ်အင်ခွမ် ခေါန်လုံက ရင်းနှီးနေတော့ ထမင်း ရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်ရ မယ်။ တစ်ရက်ကို မြန်မာငွေနှစ် သောင်းလောက်ရမယ်လို့ ဖုန်းဆက် ချိန်းပြီးခေါ်သွားတာ။ လွယ်ဂျယ် ဘက်မှာနေတဲ့ တရုတ်လူမျိုးသူ့ ယောက်ျားဆီခေါ်သွားပြီး တရုတ် ပြည်ထဲမှာသွားရောင်းကြတာ''ဟု မြစ်ကြီးနားမြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်လှိုင်စိုးကပြောသည်။

၂ဝ၁၇ ခုနှစ် မတ်၊ စက်တင် ဘာ၊ နိုဝင်ဘာလများတွင် မအင် ခွမ်ခေါန်လုံမှ ကာမိုင်းမြို့နယ်ရှိ အသက် ၁၈နှစ်အောက် အမျိုး သမီးသုံးဦးကို ထမင်းရောင်းသည့် ဆိုင်တွင် ထမင်းချက်အလုပ်ရမည် ဟုပြော၍ လွယ်ဂျယ်မြို့သို့ခေါ် ဆောင်သွားပြီး တရုတ်ပြည်ရှိ တရုတ်လူမျိုးများထံ ¤င်းတို့လင်မ ယားမှ သွားရောက်ရောင်းချခဲ့ ကြောင်း၊ ယင်းအမျိုးသမီးသုံး ဦးအနက် ကျန်နှစ်ဦးမှာပြန်လည် လွတ်မြောက်လာခြင်း မရှိသေး သည့်အတွက် တရုတ်ပြည်ရှိ တရုတ်-မြန်မာ နှစ်နိုင်ငံဆက် သွယ်ရေးရုံးတွင် ဓာတ်ပုံများပေး ပို့၍ ရှာဖွေလျက်ရှိကြောင်း သိရ သည်။

အဆိုပါတရားခံဟုယူဆရသူ ကျားလုနှင့် အင်ခွမ်ခေါန်လုံကို ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်း တွင် အမှုအမှတ်(ပ)၅၉/၂ဝ၁၇ ၊ဥပဒေပုဒ်မ၂၄/၃၂ (အမျိုးသမီး၊ ကလေးသူငယ်၊ လူငယ်များကို လူကုန်ကူးသည့်ပုဒ်မနှင့် အားပေး ကူညီသည့်ပုဒ်မ)အပြင် အမှု အမှတ်(ပ)၆၁/၂ဝ၁၇၊ ပုဒ်မ ၂၄/ ၃၂ဖြင့် အမှုရေးဖွင့်ကာ ကာမိုင်းရဲ စခန်းတွင် ၄င်းတို့နှစ်ဦးကို ဖမ်း ဆီးထားကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း၂ဝ၁၇ ခုနှစ် ယခုလအထိ လူကုန်ကူး ခံရသည့်အမှုစုစုပေါင်း ၃ဝ ဖြစ်ပွား ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ၁၃ မှုနှင့် ၂ဝ၁၅ ခုနှစ်တွင် ၁၅ မှုဖြစ်ပွား ကာ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ မိုးကောင်းမြို့နှင့် ကာမိုင်းမြို့များ တွင် လူကုန်ကူးမှုအများဆုံး ဖြစ် ပွားခဲ့သည်။

EPN
The Union Daily
https://www.facebook.com/uniondaily.net
တစ်နှစ်အတွင်း အမျိုးသမီးသုံးဦးကို တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် လင်မယားကိုဖမ်းမိ တစ်နှစ်အတွင်း အမျိုးသမီးသုံးဦးကို တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် လင်မယားကိုဖမ်းမိ Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.