မူဆယ်သို့ တင်ပို့မည့် လင်းမြွေအရှင်(၈ဝဝ)ကျော်ခန့် ပြင်ဦးလွင် (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးမိ


ပြင်ဦးလွင် - ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ် (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဌာနနှင့် သစ်တောဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ များသည် စစ်ဆေးမှုများဆောင်ရွက်နေစဉ် ဒီဇင်ဘာ(၅)ရက် နံနက်(၅း၃ဝ)နာရီအချိန်ခန့် ၌ မှုဆယ်မြို့ဘက်သို့တင်ပို့ ရန် သယ်ဆောင်လာသည်ယာဉ်အား စစ်ဆေးရာ လင်းမြွေအရှင်(၈၂ဝ)ကောင်နှင့် အသေ(၅)ကောင်ကို စစ်ဆေးတွေရှိရသဖြင့် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်းအဆိုပါ ဌာနက သိရသည်။


ထိန်းသိမ်းနေပါတယ် WCSတို့ နိုင်ငံတကာအဖွဲ့ အစည်းတို့နဲ့လည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ် စားသောက်ဆိုင်တွေမှာ တောကောင်သားတွေ မရောင်းချဖို့ ပညာပေး စည်းရုံးတာအပြင် သားရဲတိစ္ဆာန်အသားတွေ မရောင်းပါဆိုတဲ့ ဆိုင်ဘုတ်ကို စားသောက်ဆိုင်တွေမှာ စာတမ်းတွေ ကပ်ထားတယ်ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမူး ဦးမြင့်သိန်းကဆိုသည်။ သစ်တောဦးစီးဌာနအနေဖြင့် ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးလှုပ်ရှားမှု၏ တစ်စိပ်တစ်ပိုင်းအဖြစ် တောဆင်ရိုင်းများ ပစ်သတ်ခံနေရမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် စီမံချက်ရေးဆွဲနေပြီး ရုံးချူပ်သို့ တင်ပြ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၄င်းမှဆက်လက်ပြောပြခဲ့သည်။

အဆိုပါ လင်းမြွေများကို တရားမဝင် သယ်ဆောင်လာသူများမှာ စိုင်းစံဝင်း(ယာဉ်မောင်း)နှင့် မောင်မျိုး (ယာဉ်နောက်လိုက်တို့ နှစ်ဦးအား တောရိုင်းတိစ္ဆာန် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကျော်ကျော်(မလိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မူဆယ်သို့ တင်ပို့မည့် လင်းမြွေအရှင်(၈ဝဝ)ကျော်ခန့် ပြင်ဦးလွင် (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးမိ မူဆယ်သို့ တင်ပို့မည့် လင်းမြွေအရှင်(၈ဝဝ)ကျော်ခန့် ပြင်ဦးလွင် (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.