ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


ပေါက်တော - ဒီဇင်ဘာ(၇)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း ကြိမ်နီပြင်အုပ်စု ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်းတွင် ဒီဇင်ဘာ(၇)ရက်နံနက်(၉း၄၅)က မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ကြိမ်နီပြင်ကျေးရွာနေ မာမောက်ဒူယုနေအိမ်တွင် ထမင်းချက်ရာမှ စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုဖြစ်ပွားရာတွင် ၈ခန်းတွဲ အဆောက်အဦး(၄)လုံး၊ လုံးချင်းအိမ်(၁၀)ဆောင် လောင်ကျွမ်းသွားပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူမရှိကြောင်း သိရပါသည်။

အဆိုပါမီးလောင်မှုအား ပေါက်တောမြို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇော်ညွန့်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ တို့နှင့်မြို့နယ်ရဲတပ်ဖွဲ့တို့မှ အချိန်မီ speed boat ဖြင့် သွားရောက်ငြိမ်း သတ်ကြ၍ နံနက်(၁၀း၂၀)မိနစ်အချိန်တွင် မီးငြိမ်းသွားပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကာလတန်ဖိုးငွေကျပ်(၂၃၀)သိန်း ဖြစ်ကြောင်းသိရှိရသည်။

ကျော်သန်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.