သတင်းရယူခွင့်ကို တပ်မတော်သားတွေ ခြိမ်းခြောက်ရင် တိုင်ကြားနိုင်တယ်လို့ ပြော

ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့က ပြုလုပ်တဲ့ ၆ ကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ တက်ရောက်နေတဲ့ ဗိုလ်မှူးချူပ် အေးလွင် ကို တွေ့ရစဉ်။ Photo: Htet Arkar/RFA
သတင်းရယူရာမှာ တပ်မတော်သားတွေက ခြိမ်းခြောက်မှုတွေရှိလာခဲ့ရင် အချက်အလက်ခိုင်လုံစွာနဲ့ တပ်မတော် ထံကို တိုက်ရိုက်သော်လည်းကောင်း သတင်းမီဒီယာကနေ တဆင့်သော်လည်းကောင်း တိုင်ကြားဖို့ တပ်မတော် အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချူပ် အေးလွင်က ပြောပါတယ်။

ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ဒီကနေု့ ပြုလုပ်တဲ့ ၆ ကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှ ပြုလုပ်တဲ့ သတင်းသမားများ ဘေးကင်းလုံခြူံရေးနဲ့ ပြစ်ဒဏ်လွတ်ကင်းမှု ရရှိရေးဆွေးနွေးပွဲမှာ ဗိုလ်မှူးချူပ် အေးလွင်က အဲဒီလိုဆွေးနွေး ပြောကြားတာပါ။

ဒါ့အပြင် ဗိုလ်မှူးချူပ် အေးလွင်က တပ်မတော်နဲ့ သတင်းမီဒီယာဟာ ရန်သူတွေ မဟုတ်ဘဲ မိတ်ဆွေတွေဖြစ်ကြောင်း ပြောပါတယ်။

တပ်မတော်သတင်းဌာနကလည်း ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီး အပြန်အလှန် လုပ်ဆောင်နေကြောင်း ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ညီလာခံကို ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင်၊ UNESCO က ရုံးအဖွဲ့မှူး Ms. Min Jeong Kim၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ  အတွင်းရေးမှူး ဦးသီပာစော တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

ဒီနေ့မှာတော့ ကျင့်ဝတ်စောင့်ထိန်းလိုက်နာပြီး ပရောဖက်ရှင်နယ်ပီသမှုကို ထိန်းသိမ်းခြင်း၊ သတင်းအချက်အလက် ရရှိနိုင်ရေးနှင့် သတင်းအချက်အလက် ရောက်ရှိနိုင်ရေးနဲ့ သတင်းသမားများ ဘေးကင်းလုံခြုံရေးနှင့် ပြစ်ဒဏ်ကင်း လွတ်မှုရရှိရေး စတဲ့ခေါင်းစဉ်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

၆ ကြိမ်မြောက် မြန်မာ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ဒီဇင်ဘာ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သတင်းရယူခွင့်ကို တပ်မတော်သားတွေ ခြိမ်းခြောက်ရင် တိုင်ကြားနိုင်တယ်လို့ ပြော သတင်းရယူခွင့်ကို တပ်မတော်သားတွေ ခြိမ်းခြောက်ရင် တိုင်ကြားနိုင်တယ်လို့ ပြော Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.