သန်လျင်မြို့နယ် ပုဂံထောင်ကျေးရွာ၌ လမ်းလျှောက်လာသူအား ဆိုင်ကယ်မှဝင်ရောက်တိုက်မိသဖြင့် လမ်းလျှောက်လာသူ သေဆုံး


ရန်ကုန် ဒီဇင်ဘာ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပုဂံထောင်ကျေးရွာ၌ ဒီဇင်ဘာ ၁၉ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က လမ်းလျှောက်လာသူအမျိုးသမီး အား ဆိုင်ကယ်မှဝင်ရောက်တိုက်မိသဖြင့် လမ်းလျှောက်လာသူ သေဆုံးခဲကြောင်းသိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့ ပုဂံထောင်ကျေးရွာ ရွာလယ်လမ်းမအတိုင်း ရွာအနောက်ဘက်မှ ရွာအရှေ့ဘက် (အနောက်မှအရှေ့) သို့ ဆိုင်ကယ်မောင်း ကျော်ထက်အောင် အသက် (၁၇) နှစ် ပုဂံထောင်ကျေးရွာ သန်လျင်မြို့နေသူ မောင်းနှင်လာသော ၄၃ယ/----BASHAN-125 အမျိုးအစား အနီရောင် ဆိုင်ကယ်သည် ပုဂံထောင်ကျေးရွာ ဦးညိုလေး နေအိမ်အနီးအရောက် လမ်းလျှောက်လာသူ ဒေါ်ရွှေမိ အသက် (၆၀) နှစ် ပုဂံထောင်ကျေးရွာ သန်လျင်မြို့နယ်နေသူအား ဝင်ရောက်တိုက်မိခဲ့သည်။

ထိုသို့ ဝင်ရောက်တိုက်မိသဖြင့် ဒေါ်ရွှေမိတွင် ဘယ်ဘက်လက် ခုံပေါက်ပြဲ ဦးခေါင်းနောက်စေ့ဖုရောင်ဒဏ်ရာရကာ အခင်းဖြစ်ပွား ရာနေရာတွင်သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်း ကျော်ထက်အောင်တွင် မေးစေ့ပွန်း ညာဘက်ဒူးပွန်းဒဏ်ရာဖြင့် သန်လျင်အထွေထွေဆေးရုံ ပြင်ပလူနာ (မစိုးရိမ်ရ) ဖြင့် ဆေးကုသလျှက်ရှိပြီး ဆိုင်ကယ်ပျက်စီး ခဲ့ကြောင်းသိရသည်။

အဆိုပါ လမ်းလျှေက်လာသူအားတိုက်မိပြီး လူသေဆုံး ဒဏ်ရာရ ဆိုင်ကယ်ပျက်စီးစေသူ ဆိုင်ကယ်မောင်း ကျော်ထက်အောင်အား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သန်လျင်မြို့နယ် ပုဂံထောင်ကျေးရွာ၌ လမ်းလျှောက်လာသူအား ဆိုင်ကယ်မှဝင်ရောက်တိုက်မိသဖြင့် လမ်းလျှောက်လာသူ သေဆုံး သန်လျင်မြို့နယ် ပုဂံထောင်ကျေးရွာ၌ လမ်းလျှောက်လာသူအား ဆိုင်ကယ်မှဝင်ရောက်တိုက်မိသဖြင့် လမ်းလျှောက်လာသူ သေဆုံး Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.