မြိတ်မြို့နယ် ရွှေကူစုကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်(၂)လုံးမီးလောင်


မြိတ် ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု ရွှေကူစုကျေးရွာတွင် ဒီဇင်ဘာ (၂၀)ရက် နေ့လယ်(၁၂း၃၀)နာရီက ဦးစောကလာတူး ပိုင်ဆိုင်သော နေအိမ်တွင် မီးဖိုရှိ မီးကြွင်းမီးကျန်မှ တဆင့် အနီးရှိ ဓနိဖက်အကာသို့ ကူးစက်ရာမှ မီးလောင်မှု စတင်ဖြစ်ပွား ခဲ့ရာ နေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။


အဆိုပါမီးလောင်နေမှုအား ကျေးရွာနေပြည်သူတစ်ဦးမှ မီးသတ်ဦးစီး ဌာနသို့ တယ်လီဖုန်းဖြင့် သတင်း ပေးပို့လာသဖြင့် မြိတ်မြို့နယ် ကျွဲကူး နယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး တို့ဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်အောင်နှင့် သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ၍ ကျေးရွာသားများ ပူးပေါင်းငြိမ်းသတ် ခဲ့ကြရာ (၁း၃၅)နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးစောကလာတူး ပိုင်ဆိုင်သော အလျား(၁၀)ပေ၊ အနံ(၁၅)ပေ၊ ဓနိမိုး၊ ဓနိကာ၊ ၀ါးကြမ်းခင်း လူနေအိမ်(၂)လုံး မီးလောင် ဆုံးရှုံး ခဲ့ကြောင်း၊ မီးလောင်မှုစတင်ဖြစ်ပွားချိန်တွင် မီးသတ်ဆေးဗူး များဖြင့် ကနဦးငြိမ်းသတ်ထားခြင်းမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ မီးကို ပေါ့ဆစွာဖြင့် အသုံးပြုသူ ဦးစောကလာတူးအား သမုတ်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြိတ်မြို့နယ် ရွှေကူစုကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်(၂)လုံးမီးလောင် မြိတ်မြို့နယ် ရွှေကူစုကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်(၂)လုံးမီးလောင် Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.