ALDနဲ့ ပူးပေါင်းဖို့ APP ကမ်းလှမ်း

ALD ခေါင်းဆောင်တချို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ၂ဝ၁၆ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့ရစဉ်/ Photo: Aung Thain Kha/ RFA
ရခိုင်မျိုးချစ်ပါတီ APP က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီနဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းထားတယ်လို့ ရခိုင်မျိုးချစ် ပါတီ(APP)တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

ပါတီတွေပူးပေါင်းပြီးမှ အကွဲအပြဲတွေမဖြစ်အောင် စနစ်တကျညှိနှိုင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ရခိုင် မျိုးချစ်ပါတီ(APP) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောပါတယ်။

ရခိုင်မျိုးချစ်ပါတီ(APP)ရဲ့ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ရည်ရွယ်ချက်တူ၊ မူဝါဒတူတဲ့ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်(ALD)နဲ့ နှစ်ပါတီကို တစ်ပါတီတည်းဖြစ်အောင်ပူးပေါင်းဖို့ ကမ်းလှမ်းလိုက်တာလို့ ဆိုပါတယ်။

ပါတီရဲ့ ကမ်းလှမ်းချက်ကို ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့စွဲနဲ့ ပေးပို့လိုက်တာဖြစ်ပြီး ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိသေးဘူးလို့ ဦးခင်မောင်ထွန်းက ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးမျိုးကျော်ကတော့ ဒီကမ်းလှမ်းချက်နဲ့ ပတ်သက် ပြီး လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တောင်ကုတ်မြို့မှာကျင်းပမယ့် ပါတီဗဟိုကော်မတီအစည်းအဝေး မှာ ဆွေးနွေးသွားမယ်လို့ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ALDနဲ့ ပူးပေါင်းဖို့ APP ကမ်းလှမ်း ALDနဲ့ ပူးပေါင်းဖို့ APP ကမ်းလှမ်း Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.