စစ်​​တွေ_အမ်း အ​ဝေး​ပြေးလမ်းပေါ် မိုင်းပေါက်ကွဲမှု​ကြောင့်​ တပ်မတော်သားလေးဦး ဒဏ်ရာရ


ရခိုင်​​ဂေဇက်​၊ ဒီဇင်​ဘာ ၈

ရခိုင်ပြည်နယ်​ စစ်​​တွေ_အမ်းအ​ဝေး​ပြေးလမ်းမကြီး​ ​ပေါ်ဖြတ်​သန်းလာ​သော တပ်​မ ၃၃ မှ တပ်​မတာ်​စစ်​ကား ၄စီး မှာမြေပုံမြို့နယ် အပိုင်​ ၊သီလာရွာအနီးမိုင်​တိုင်​ ၄၅/၅​ အ​ရောက်​ ၌ နံနက်​၁၀း၁၅အချိန်​တွင်​ လက်​ဆွဲမိုင်း(ဟုယူဆရ)​ပေါက်​ကွဲမှု​ကြောင့် ကားမှန်​များကွဲကျ ပျက်​စီးသွားခဲ့​ကြောင်းသိရသည်​။


ဖြစ်​စဉ်​မှာ တပ်​မ ၃၃မှ ဗိုလ်​မှူးပြည်​စုံ​အောင်​ ဦးစီးသည့်​တပ်​မ​တော်​ စစ်​ကား ​လေးစီးမှာ ​မြေပုံမြို့နယ်​ ၊မိုင်​တို​င်​ ၄၅/၅အ​ရောက်​တွင်​ မိုင်း​ပေါက်​ကွဲခဲ့ပြီး ယဉ်​တန်းမှ တတိယ​မြောက်​အစီး ညာဘက်​ခြမ်း​ဘော်​ဒီ​ဘောင်​တန်းတွင်​ ယမ်းစများထိမှန်​ပြီး ကား​နောက်​ကြည့်​မှန်​ ပျက်​စီးသွားခဲ့​ကြောင်းသိရသည်​။

အဆိုပါဖြစ်​စဉ်​​ကြောင့်​ တပ်​သား ၄ဦး ဒဏ်​ရာရရှိခဲ့ပြီး(မစိုးရိမ်​ရ) ​ပေါက်​ကွဲခဲ့​သောမိုင်းမှာ လက်​ဆွဲမိုင်းဟုယူဆရပြီး ကား ဘယ်​ဘက်​ခြမ်းမှ ၂လုံး၊ညာဘက်​ခြမ်းမှ တစ်​လုံး ​စုစု​ပေါင်း မိုင်း(၃)လုံးဆက်​တိုက်​ပေါက်​ကွဲခဲ့​ကြောင်းသိရသည်​။


အဆိုပါဖြစ်​​စဉ်မတိုင်​မီ ဂွ ၊​သံတွဲ၊ တောင်​ကုတ်​ သို့ဒေသဖွံ့ဖြိုးရေး ခရီးသွားနေသည့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု လိုက်ပါသည့် ယာဉ်တန်းမှာ အခင်းဖြစ်​ပွားရာ​နေရာကို ​ကျော်​လွန်​၍ ​လာခဲ့ခြင်းဖြစ်​ပြီး ဝန်​ကြီးချုပ်​ ယဉ်​တန်းအလွန်​ တစ်​နာရီနီးပါးတွင်​တပ်မတော်ယာဉ်တန်း ဖြတ်သန်းစဉ် မိုင်းသုံးလုံးဆက်​တိုက်​ပေါက်​ကွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်​သည်​။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
စစ်​​တွေ_အမ်း အ​ဝေး​ပြေးလမ်းပေါ် မိုင်းပေါက်ကွဲမှု​ကြောင့်​ တပ်မတော်သားလေးဦး ဒဏ်ရာရ စစ်​​တွေ_အမ်း အ​ဝေး​ပြေးလမ်းပေါ် မိုင်းပေါက်ကွဲမှု​ကြောင့်​ တပ်မတော်သားလေးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.