ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်း လမ်းကြောင်းပေါ်တွင် ပေါက်ကွဲမှုဖြစ်


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦညီပုရဲ့ယာဉ်တန်း လမ်းကြောင်းပေါ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။ ဒီဇင်ဘာ(၈)ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်
ဝန်ကြီးချုပ် ဦးညီပုရဲ့ ယာဉ်တန်း မြေပုံမြို့နယ်အဝင် မိုင်တိုင် (၄၅)အနီး ယိုးချောင်းတံတားမှာ ဖြစ်ပွားခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက သိရပါတယ်။


 ပေါက်ကွဲမှုဟာ ဝန်ကြီးချုပ်ယာဉ်တန်းဖြတ်ကျော်အပြီး မိနစ်ပိုင်းမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးကျော်ခင်က အတည်ပြုပြောကြားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို သွားရောက်စစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။

 ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ဒေသဖွံ့ဖြိုးရေးခရီးစဉ်အဖြစ် ဂွ၊ သံတွဲနဲ့ တောင်ကုတ်မြို့တွေကို သွားရောက်ခဲ့ပြီး စစ်တွေမြို့ကိုပြန်လာချိန်မှာ ပေါက်ကွဲမှုနဲ့ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို ရခိုင်ပြည်နယ်စစ်တွေဗျူရိုက ကျော်လွင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်း လမ်းကြောင်းပေါ်တွင် ပေါက်ကွဲမှုဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်း လမ်းကြောင်းပေါ်တွင် ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.