ရခိုင်ဝန်ကြီးချုပ်ကားတန်းဖြတ်အပြီး ဆွဲမိုင်း ပေါက်ကွဲ

ဖွံဖြိုးရေးခရီးစဉ်လှည့်လည်နေတဲ့ ဝန်ကြီးချုပ်ကို ဒေသခံတွေနဲ့ အတူတွေ့ရစဉ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု လိုက်ပါလာတဲ့ ယာဉ်တန်းဟာ အမ်းကနေ စစ်တွေကိုအသွား ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်က ယောချောင်းတံတားအနီးမှာ ဆွဲမိုင်း ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးကျော်ခင်က ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့ မော်တော်ယာဉ်တန်း ဖြတ်သန်းအပြီး မိနစ်ပိုင်းအတွင်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပေမယ့် တစုံတရာ ထိခိုက်ဒဏ်ရာ ရတာမရှိဘူးလို့ ဆိုပါတယ်။

အခုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ စစ်ဆေးနေပြီး ဝန်ကြီးချုပ်ရဲ့ ကားတန်းကတော့ ကျောက်တော်ကို ဆ+က်သွားနေပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရဝန်ကြီးတချို့ပါဝင်တဲ့ အဖွဲ့ဟာ ဒေသဖွံဖြိုးရေးအတွက် ဂွ သံတွဲ အမ်း ကျောက်တော် တောင်ကုတ် ခရီးစဉ် အခုသီတင်းပတ်အစောပိုင်းကတည်း စတင်နေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရခိုင်ဝန်ကြီးချုပ်ကားတန်းဖြတ်အပြီး ဆွဲမိုင်း ပေါက်ကွဲ ရခိုင်ဝန်ကြီးချုပ်ကားတန်းဖြတ်အပြီး ဆွဲမိုင်း ပေါက်ကွဲ Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.