ပဲခူးမြို့ ကေတီဗွီဆိုင်တွင် သီချင်းအကူသီဆိုပေးသည့် အမျိုးသမီးကိစ္စနှင့် ပတ်​သက်​၍ စကားများရာမှ လူသတ်မှုဖြစ်ပွား


ပဲခူး ဒီဇင်​ဘာ ၁၁

ဒီဇင်ဘာလ(၁၁)ရက်နေ့ နံက်(၁:၄၅)နာရီအချိန်က ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဟင်္သာလမ်းရှိ ၉၀၉ကေတီဗွီဆိုင်တွင် သီချင်းအကူသီဆိုပေးသည့် အမျိုးသမီးကိစ္စနှင့် စကားများရာမှ လူသတ်မှုဖြစ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချစ်ကိုကိုဦး(၂၉)နှစ်(ဘ)ဦးမြင့်သိန်း၊ တာဝလမ်းတောင်ပိုင်း၊ ပုဏ္ဏားစုရပ်ကွက်၊ ပဲခူးမြို့၊ ဝင်းထွန်းဦး(၂၂)နှစ်(ဘ)ဦးကျော်နိုင်၊ ပုဏ္ဏားစုရပ်ကွက်၊ ဇော်ဝင်း(၃၅)နှစ်၊ ပြည်တော်သာ(၄)လမ်း၊ ရုံးကြီးရပ်ကွက်နေသုတို့(၃)ဦးသည် ၉၀၉ကေတီဗွီဆိုင်၊ အခန်း(၆)သို့ရောက်ရှိလာပြီး သီချင်းအကူသီဆိုပေးသည့် အမျိုးသမီးကိစ္စနှင့် ဆိုင်မန်နေဂျာကျော်ထူးနိုင်(ခ)ကိုပြူး(၂၉)နှစ်နှင့် စကားများခိုက်ရန်ဖြစ်ပွားရာ ချစ်ကိုကိုဦးမှ ဘီယာပုလင်းဖြင့် စားသောက်ခုံတင်သည့်စားပွဲအား ရိုက်ခွဲလိုက်သောကြောင့် ဆိုင်မန်နေဂျာ၏ ယာဘက်မျက်လုံးတွင် ပုလင်းကွဲစထိမှန်ဒဏ်ရာရရှိခဲ့သည်။

ဆိုင်မန်နေဂျာ၌ရရှိသော ဒဏ်ရာနှင့်ပတ်သက်၍ မကျေနပ်သဖြင့် ဆိုင်အလုပ်သမားများဖြစ်သောကိုထွေးနှင့် ဝင်းထွန်းတို့မှ ဓါးကိုယ်စီကိုင်ကာ ဝင်ရောက်ထိုးခြင်း၊ ခုတ်ခြင်းများပြုလုပ်သောကြောင့် ချစ်ကိုကိုဦးတွင် ဦးခေါင်းယာဂျိုစောင်း သွေးထွက်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ နဖူးအထက်ဆံပင်စပ်တွင် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ အပေါ်နှုတ်ခမ်းမှဝဲပါးအထိပြတ်ရှဒဏ်ရာ(၁)ချက်၊ယာဆီးခုံးထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူဆိုင်မန်နေဂျာကျော်ထူးနိုင်နှင့်ချစ်ကိုကိုဦးတို့အား ဆေးရုံသို့ပို့ဆောင်စဉ်ရရှိသော ဒဏ်ရာကြောင်း ချစ်ကိုကိုဦးမှာ သေဆုံးသွားခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချစ်ကိုကိုဦးအား ဓါးဖြင့်ထိုးခြင်း၊ ခုတ်ခြင်းများ ပြုလုပ်သူ ကျော်ထူးနိုင်(ခ)ကိုပြူး၊ ဝင်းထွန်း၊ ဦးညီ၊ နေအောင်တို့(၄)ဦးအား အမှုဖြင့် ဖမ်းဆီးထားရှိပြီး ထွက်ပြေးတိမ်းရှောင်သွားသော ကိုထွေးနှင့်အဖွဲ့အား ဖမ်းဆီးရမိနိုင်ရေး အတွက် ဆောင်ရွက်လျှက်ရှိသည်။


ချစ်ကိုကိုဦးအား သေဆုံးအောင်ပြုလုပ်သူ ကျော်ထူးနိုင်ပါအဖွဲ့အား ပဲခူးမြို့မရဲစခန်းမှ (ပ)၁၆၄၁/၂၀၁၇ရာဇသတ်ကြီး ပုဒ်မ၃၀၂/၃၂၅/၁၁၄ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။



ပဲခူးခရိုင်​ပြန်​/ဆက်
Credit-Hein Htet
ပဲခူးမြို့ ကေတီဗွီဆိုင်တွင် သီချင်းအကူသီဆိုပေးသည့် အမျိုးသမီးကိစ္စနှင့် ပတ်​သက်​၍ စကားများရာမှ လူသတ်မှုဖြစ်ပွား ပဲခူးမြို့ ကေတီဗွီဆိုင်တွင် သီချင်းအကူသီဆိုပေးသည့် အမျိုးသမီးကိစ္စနှင့် ပတ်​သက်​၍ စကားများရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.