လိုက်ထရပ်ကား လမ်းဘေးသစ်ပင်ဝင်တိုက်၊ တစ်ဦးသေ (၁၃)ဦး ဒဏ်ရာရ


ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီးမှာ ဒီဇင်ဘာ (၁၁)ရက် နံနက် (၇)နာရီခန့်က လိုက်ထရပ်အဖြူရောင် မော်တော်ယာဉ်ဟာ ဝဲဘက်  ရှေ့ဘီး ပေါက်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။


 ဖြစ်စဉ်မှာ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၂၆)အကျော်မှာ ကံကလေးဘက်ကနေ ပုသိမ်ဘက်ကို မောင်းနှင်လာတဲ့ အဲဒီယာဉ်ဟာ ဝဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ယာဘက်ခြမ်းက မလေးရှားပိတောက်ပင်ကို ဝင်ရောက်တိုက်မိခဲ့ပါတယ်။

 အဲဒီလိုဝင်ရောက်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူတွေအနက် အမျိုးသား(၁)ဦးမှာ ဒဏ်ရာတွေရရှိကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါ ခရီးသည်(၁၃)ဦးမှာ ဒဏ်ရာတွေ အသီးသီးရရှိခဲ့ပါတယ်။

 ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းကို ကျောင်းကုန်းမြို့မ ရဲစခန်းက ယာဉ် (ပ)၇၁ /၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/ ၃၃၇ တို့နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း) ကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb
လိုက်ထရပ်ကား လမ်းဘေးသစ်ပင်ဝင်တိုက်၊ တစ်ဦးသေ (၁၃)ဦး ဒဏ်ရာရ လိုက်ထရပ်ကား လမ်းဘေးသစ်ပင်ဝင်တိုက်၊ တစ်ဦးသေ (၁၃)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.