နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံ ကလပ်မြို့သို့ရောက်ရှိ


ကလပ်(ဖိလစ်ပိုင်) နိုဝင်ဘာ ၁၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒါနန်းမြို့တွင် ကျင်းပခဲ့သည် အာဆီယံနိုင်ငံခေါင်း ဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (အေပက်) အဖွဲ့ ၀င်နိုင်ငံခေါင်းဆောင်များ အကြား အလွတ်သဘော ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး ယနေ့ဒေသစံတော်ချိန် နံနက် ၁၀နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဖိလစ်ပိုင်နိုင်ငံ ကလပ် မြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီတွင် ရောက်ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဖိလစ်ပိုင်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၊ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များနှင့် ဖိလစ်ပိုင်နိုင်ငံတရားရေးဝန်ကြီးမစ္စတာ ဗစ်တာ လီနိုအန်ဂူရီ၊ မြို့တော်ဝန်များ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စ ဂလိုရီယာ မာကာပါကယ်အာရိုယို၊ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်၊ အာဆီယံဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ မြန်မာသံရုံးမှတာဝန်ရှိသူများ က ကလပ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ကလပ်မြို့ရှိ အစိုးရဧည့်ဂေဟာသို့ ရောက်ရှိကြသည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Nayong Philipino Park (ဖိလစ်ပိုင်လူမျိုးတို့၏ သမိုင်းနှင့်ရိုးရာယဉ်ကျေးမှုဆိုင်ရာ တိုင်းရင်းသားကျေးရွာ) သို့ သွားရောက်ပြီး တိုင်းရင်းသားများ၏ ရိုးရာယက်ကန်းယက်လုပ်မှု၊ တိုင်းရင်းသားရိုးရာ အကများ၊ လက်မှု အနုပညာပစ္စည်းများထုတ်လုပ်မှုနှင့် ရိုးရာယဉ်ကျေးမှုအကပဒေ သာများဖြင့် ဖျော် ဖြေမှုများကို လိုက်လံကြည့်ရှုသည်။

Nayong Philipino ဖောင်ဒေးရှင်းကို ဖိလစ်ပိုင်ယဉ်ကျေးမှုအမွေအနှစ် စုံလင်ကြွယ်ဝလှပမှုတို့ကို ပြသနိုင်ရန် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ(၂၂)ရက်က ဖွင့်လှစ်ခဲ့ ပြီး ပမ်ပန်ဂါဒေသ၊ Clark Freeport Zone အတွင်း၌ တည်ဆောက်ထားကာ (၅ ဒသမ ၉) ဟက်တာ ကျယ်ဝန်းသည်။

ဖိလစ်ပိုင် ယဉ်ကျေးမှုဓလေ့ကွဲပြားမှုများကို ပုံစံငယ်များဖြင့် တိုင်းရင်း သားကျေးရွာကဲ့သို့ တစ်နေရာတည်းတွင် မြင်သာအောင် ပြသထားခြင်းဖြစ်ပြီး ကော်ဒီးလျားစင်ထရယ်၊ အီလိုကို့စ်၊ ဘီကို၊ ဗီဆာရက်စ် စသည့်ဒေသများ၏ ပုံစံငယ်များ၊ ဖိလစ်ပိုင်ဗိသုကာပညာ လက်ရာများ၊ စံပြရွာငယ်လေးများ၊ တိုင်းရင်း သားလူမျိုး(၁၇၅)မျိုးခန့်ရှိသည့်အနက် တိုင်းရင်းသားအချို့၏ နေအိမ်များကို ပုံစံငယ်များဖြင့် ပြုလုပ်ကာ ကြွယ်ဝစုံလင်လှသော သမိုင်းနှင့် တိုင်းရင်းသားလူမျိုးစု များ၏ ယဉ်ကျေးမှုဓလေ့ကို ပြသထားသည်။


ထို့ပြင် ကျေးလက်ရိုးရာအနုပညာ လက်မှုပညာ၊ ဂီတ၊ အက၊ ဒေသပွဲတော် များကို သက်ရှိပြတိုက်အနေဖြင့် ရှုစားနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတဟောင်း အာယိုရို က ကလပ်မြို့ရှိ Midori Hotel Fiesta Hall၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖိလစ်ပိုင်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေး၏ ဖိတ်ကြားချက်အရ မနီလာမြို့တွင် နိုဝင်ဘာ၁၂ ရက်မှ ၁၄ ရက် အထိ ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်မည်ဖြစ်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံ ကလပ်မြို့သို့ရောက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံ ကလပ်မြို့သို့ရောက်ရှိ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.