ရွှေတောင်မြို့ ရန်ကုန်-ပြည်လမ်းဘေး ရေတွင်းတစ်ခုအတွင်း သေဆုံးနေသော အမျိုးသား အလောင်းတွေ့ရှိ


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရွှေတောင်မြို့၊ သရက်တောရပ်ကွက်၊ ဈေးကုန်း(၂)လမ်းထိပ် ရန်ကုန်-ပြည် ကားလမ်းဘေးရှိအုတ်ရေတွင်း အတွင်း သေဆုံးနေသော အမျိုးသားအလောင်းအား နိုဝင်ဘာ ၁၀ ရက်၊ ညနေ ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ရွှေတောင်မြို့မရဲစခန်းမှ သိရှိရသည်။

ရပ်ကွက်နေဒေသခံများက အဆိုပါရေတွင်းအတွင်းသေဆုံးနေသူကို ဦးစွာတွေ့ရှိခဲ့ပြီးနောက် ရဲစခန်းသို့ အ ကြောင်းကြားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ရှေ့မှောက်တွင် ဆယ်ယူခဲ့ကြကြောင်း သိရသည်။
“ရဲစခန်းကို လှမ်းအကြောင်းကြားတာနဲ့ သွားရောက်စစ်ဆေးတာတွေပြုလုပ်တာပါ။ သေဆုံးသူက ရွှေတောင်မြို့ ကပါပဲ။ သေမှုသေခင်းဖွင့်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် နေပါတယ်။”ဟု ရွှေတောင်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

 သေဆုံးသူမှာ ရွှေတောင်မြို့နေ အသက်(၆၆)နှစ်အရွယ် အမျိုးသားဖြစ်ပြီး အုတ်ပေါင်အမြင့်(၂)ပေ၊ အကျယ် (၆)ပေပတ်လည်နှင့် အနက်ပေ(၂၀)ရှိ ရေတွင်းအတွင်း သေဆုံးနေခြင်းဖြစ်သည်။

 သေဆုံးသူသည် အာရုံကြောအားနည်းနေပြီး လွန်ခဲ့သော(၃)လခန့်က မျက်စိခွဲထားသဖြင့် ကြည်လင်ပြတ်သား စွာ မမြင်ရကြောင်းသိရကာ ယင်းနေ့ နံနက်(၂း၀၀)နာရီခန့်တွင် နေအိမ်ပြတင်းပေါက်အားကျော်၍ အပြင်ထွက် သွားခဲ့ကြောင်း မိသားစုဝင်ထံမှ စုံစမ်းသိရှိခဲ့ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ရွှေတောင်မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (ပ) ၁၃/၂၀၁၇ အရအမှုဖွင့် ထားပြီး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိ ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ရွှေတောင်မြို့ ရန်ကုန်-ပြည်လမ်းဘေး ရေတွင်းတစ်ခုအတွင်း သေဆုံးနေသော အမျိုးသား အလောင်းတွေ့ရှိ ရွှေတောင်မြို့ ရန်ကုန်-ပြည်လမ်းဘေး ရေတွင်းတစ်ခုအတွင်း သေဆုံးနေသော အမျိုးသား အလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.