နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦး ခြောက်လုံးပြူး သေနတ်နဲ့ မိမိကိုယ်မိမိ သေကြောင်းကြံစည်


ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦးဟာ နိုဝင်ဘာလ (၈) ရက်နေ့ ည(၁၀) နာရီခွဲ ခြောက်လုံးပြူး သေနတ်နဲ့ မိမိကိုယ်မိမိ ပစ်ခတ် သတ်သေခဲ့တယ်လို့ သိရပါတယ် ။ မိမိကိုယ်မိမိ သေကြောင်းကြံစည်ပြီး နောက် ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံရောက်ပြီး နောက်တစ်ရက်မှာ သေဆုံးခဲ့တာပါ ။

 သေဆုံးသူဟာ ကျောက်တံခါးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် တာဝန်ဆောင်ရွှက်နေတဲ့ ဒုရဲအုပ်ရန်မျိုးအောင်ဖြစ်ပြီး အခင်းဖြစ်ရာအချိန်မှာ စခန်းဝန်းအတွင်းရှိ လူပျိုဆောင်ဘက်မှ " ဒုန်း"ဆိုတဲ့ အသံကြားရတဲ့အတွက် သွားရောက်ကြည့်ရူခဲ့ရာ အိပ်စင်ကြမ်းပြင်ထက်မှာ သွေးတွေပေကျံပြီး ယာဘက် နားထင်ဖောက်ဝင် ဒဏ်ရာတစ်ချက် နဲ့ ဝဲပါး မှာ ဖောက်ထွက်ဒဏ်ရာ ရရှိကာ မှောက်လျှက်လဲနေတာတွေခဲ့ရတယ်လို့ သိရပါတယ် ။

 သေသူကိုင်ဆောင်ထားတဲ့ သေနတ်အမှတ် A75531.၃၈ ဗို့ ခြောက်လုံးပြူး သေနတ်နဲ့ မိမိကိုယ်မိမိ ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပြီး အိပ်ခန်းတံခါးမအနီးက (၃၈) ဗို့ကျည်ဆံထိပ်ဖူးတစ်ခု အားတွေ့ရှိရပါတယ်။

 အိပ်ယာပေါ်မှာလည်း ခြောက်လုံးပြူးသေနတ် နဲ့ ကျည်အကောင်းလေးတောင့်တို့ ကျန်နေသေးတာ တွေ့ခဲ့တယ်လို့ သိရပါတယ် ။ သတ်သေခဲ့သူ ဒုရဲအုပ်ရန်မျိုးအောင်ဟာ ဗဟိုဝန်ထမ်းတက္ကသိုလ် လှည်ကူးမြို့နယ်က ဖြစ်ပြီး ၊ လူလွတ်ဖြစ်ပါတယ် ။ ဒါ့အပြင် အနေအေးသူဖြစ်သလို လူချစ်လူခင်လည်းများခဲ့သူလို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်ရှင် ။

သတင်းထောက် - ဖြိုးကိုလင်း(ညောင်ဝိုင်း)
5 PLUS NEWS
https://www.facebook.com/5plusnews/
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦး ခြောက်လုံးပြူး သေနတ်နဲ့ မိမိကိုယ်မိမိ သေကြောင်းကြံစည် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦး ခြောက်လုံးပြူး သေနတ်နဲ့ မိမိကိုယ်မိမိ သေကြောင်းကြံစည် Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.