ဘားအံမြို့နယ်တွင် ရေခဲသေတ္တာ ဂက်စ်အိုးပေါက်ကွဲရာမှ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား


ဘားအံ နိုဝင်ဘာ ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ မုက္ကဒိကျေးရွာ(အောက်ပိုင်း) တွင် နိုဝင်ဘာ(၈)ရက်နေ့၊ ညနေ(၆)နာရီ(၄၅)မိနစ်ခန့်က နေအိမ်တစ်လုံးရှိ ရေခဲသေတ္တာ အပူလွန်ကဲပြီး ဂက်စ်အိုးပေါက်ကွဲရာမှမီးစတင်လောင်ခဲ့ရာ နေအိမ် နှစ်လုံး မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကို မြိုင်ကလေး ရဲကင်းစခန်းမှူး ရဲအုပ်ဝင်းနိုင်မှ သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ ဦးမောင်ဘို(၄၇) နှစ်၏ နေအိမ်အတွင်းရှိ ရေခဲသေတ္တာမှာ အပူချိန်လွန်ကဲပြီး ဂက်စ်အိုးပေါက်ကွဲရာမှ မီးစတင်လောင်ကျွမ်းပြီး ဦးမောင်ဘို၏ နေအိမ်မှ တစ်ဆင့် ခြေရင်းဘက်ရှိ ညီတော်စပ်သူ ဦးသာကွီးပိုင်ဆိုင်ပြီး လူနေထိုင်ခြင်း မရှိသော နေအိမ်တစ်လုံးကို ကူးစက် လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်ပြင်အား မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူ မြိုင်ကလေး ရဲကင်းစခန်းမှူး ရဲအုပ်ဝင်းနိုင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ည(၇)နာရီ(၄၅)မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးမောင်ဘို၏ အနံ(၁၇)ပေ၊ အလျား(၆၀)ပေ၊ အမြင့် (၁၈)ပေ ပေရှိသော အုတ်ကာ၊ ကွန်ကရစ်၊ ပျဉ်ခင်း၊ သွပ်မိုး၊ နှစ်ထပ်နေအိမ်နှင့် ဦးသာကွီး၏ အနံ(၁၇)ပေ၊ အလျား(၅၀) ပေ၊ အမြင့် (၁၈)ပေရှိသော ပျဉ်ကာ၊ သွပ်မိုး၊ ခြေတံရှည် နေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး လျှပ်စစ်မီးအား ပေါ့ဆစွာ အသုံးပြုသူ ဦးမောင်ဘိုအား မြိုင်ကလေး ရဲကင်းစခန်းမှူး ရဲအုပ် ဝင်းနိုင်မှ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘားအံမြို့နယ်တွင် ရေခဲသေတ္တာ ဂက်စ်အိုးပေါက်ကွဲရာမှ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား ဘားအံမြို့နယ်တွင် ရေခဲသေတ္တာ ဂက်စ်အိုးပေါက်ကွဲရာမှ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.