မိုင်းပန်မြို့၌ မီးလောင်မှု ဖြစ်ပွားကာ နေအိမ် (၃) လုံး ဆုံးရှုံးမှုဖြစ်ပွား


မိုင်းပန် နိုဝင်ဘာ ၁၆

လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင် နိုဝင်ဘာ ၁၆ရက် နံနက်၉ နာရီ၃၈ မိနစ်ခန့်က အနောက်ရပ်ကွက်၊ အကွက် (၇) ၌ လူနေအိမ် (၃)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၎င်းရပ်ကွက်ရှိ ဦးစိုင်းကျော် + ဒေါ်နန်းထွေးခမ်းတို့၏ နေအိမ်အား အမျိုးသားတစ်ဦးမှ မီးရှို့ရန် လုပ်ဆောင်နေမှုအား အိမ်ရှင် ဒေါ်နန်းထွေးခမ်းမှ ရပ်ကွက် အကွက်မှူးအား သွားရောက်တိုင်ကြားပြီး ပြန်လာချိန်တွင် နေအိမ်အား မီးစွဲ လောင်နေပြီး ဖြစ်ကြောင်း သိရသည်။


မီးလောင်သည့်နေအိမ်များအား မြို့နယ်မှ မီးသတ်ကား(၃)စီး၊ ရပ်ကွက်အတွင်းရှိ မီးသတ် ထော်လာဂျီများဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်သိ မြို့နေပြည်သူလူထုတို့၏စုပေါင်း ကူညီဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့မှုကြောင့် နံနက်၁ဝနာရီ ၃ဝမိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း နှင့် လောင်ကျွမ်းခြင်းဖြစ်စဉ်မှာ ရှို့မီး ဖြစ်ပြီး ဘေးအိမ်များသို့ ကူးစက်လောင်ကျွမ်းမှုကြောင့် စုစုပေါင်း လူနေအိမ် (၃) လုံး နှင့် ဂိုဒေါင် (၃) လုံးအား လောင်ကျွမ်း ပျက်စီးသွားစေခဲ့သည်။

ပြစ်မှုကျူးလွန်ခဲ့သူအား တာဝန်ရှိသူတို့က အချိန်နှင့်တစ်ပြေးညီ ချက်ချင်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
https://www.facebook.com/MOIWebportalMyanmar
မိုင်းပန်မြို့၌ မီးလောင်မှု ဖြစ်ပွားကာ နေအိမ် (၃) လုံး ဆုံးရှုံးမှုဖြစ်ပွား  မိုင်းပန်မြို့၌ မီးလောင်မှု ဖြစ်ပွားကာ နေအိမ် (၃) လုံး ဆုံးရှုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:09 Rating: 5
Powered by Blogger.