မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေအဝေးပြေး ကားလမ်းမ အနီးတံတားတစ်ခုတွင် ဗုံးပေါက် ကွဲမှုတစ်ခု ထပ်မံဖြစ်ပွား၍ သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရ


ရခိုင်ဂေဇက်၊ နိုင်ဝင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အတွင်း ရန်ကုန်-စစ်တွေကားလမ်းမ မိုင်တိုင်အမှတ် ၁၁၆/ ၄၂၅၁/ ၃၂၄၆ တံတားအမှတ် ၁၀/၁၁၇ ကွန်ကရစ်တံထားအနီးတွင် နိုဝင်ဘာလ ၁၅ရက်နေ့ ညနေ ၅း၂၀ ခန့် က ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့မှုကြောင့် သီလရှင် တစ်ပါးထိခိုက်ဒဏ်ရာရခဲ့သည်ဟု မြောက်ဦး မြို့မရဲစခန်းမှူးဦးသိန်းနိုင်အေး ထံမှ သိရသည်။

"ပေါက်ကွဲမှုဖြစ်တယ်။ ရန်ကုန်စစ်တွေအဝေးပြေး ကားလမ်းမအနီး ပေါက်တောပြင်ကျေးရွာ
နှင့် ဝေသာလီကျေးရွားကြား မြောက်ဦးမှ-စစ်တွေသွားတဲ့ လမ်းတံတားအနီးမှာ ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့ သဇင်တန်းကျောင်းမှ သီလရှင်တစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်။ ခုကတော့ ကျောက်တော်မြို့နယ်​ဆေးရုံမှာ ဆေးကုသခံယူနေပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော စုံစမ်းဆဲပါ˝ဟု မြောက်ဦးမြို့မစခန်းမှူး ဦးသိန်းနိုင်အေးကပြောသည်။

ယခုလတ်တလောတွင်ကျောက်တော်မြို့ နယ်အုပ်ချုပ်ရေးမှူးမှ ထိခိုက်​ဒဏ်​ရာရရှိခဲ့သူသီလရှင်ဒေါ်သောဏာထေရီ၏ ကျန်းမာရေးကောင်းမွန်သည် အထိဆေးကုသပေးမည်ဖြစ်ပြီး ယခုလက်ရှိစိုးရိမ်စရာတော မရှိတော့ကြောင်း သိရသည်။

“ပေါက်ကွဲမှုဖြစ်ပြီး လူနာက ကျွန်တောတို့ဆီ ရောက်လာတာပါ။ နဖူးနဲ့ဘယ်ဘက်နားအုံမှာ သွေးထွက်ဒဏ်ရာရထားပါတယ်။ စိုးရိမ်ရဖွယ်တော့မရှိပါဘူး˝ဟုကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်က ရခိုင်ဂေဇက်သို့ပြောသည်။

ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုသည် ရခိုင်ပြည်နယ်တွင်း နိုဝင်ဘာ ၁၅ ရက်နေ့တွင် မင်းပြားမြို့နယ်တွင်လည်းတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်ကာ မည်သူ၊မည်သည့် အဖွဲ့အစည်းမှ ပြုလုပ်သည်ကို ယခုချိန်ထိစုံစမ်း၍ မရသေးကြောင်း အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်၍ မြောင်ဦးမြို့မရဲစခန်းမှ သိရသည်။

အေးသန္တာ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေအဝေးပြေး ကားလမ်းမ အနီးတံတားတစ်ခုတွင် ဗုံးပေါက် ကွဲမှုတစ်ခု ထပ်မံဖြစ်ပွား၍ သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရ မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေအဝေးပြေး ကားလမ်းမ အနီးတံတားတစ်ခုတွင် ဗုံးပေါက် ကွဲမှုတစ်ခု ထပ်မံဖြစ်ပွား၍ သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.