မိုင်းယောင်းမြို့နယ်၌ ငွေကျပ်သိန်း(၆ဝဝ)ခန့် တန်ဖိုးရှိ ဆိုင်ရာနိုက် ဓါတုပစ္စည်းများ ဖမ်းဆီးရမိ


တာချီလိတ် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ၊ မိုင်းယောင်းမြို့နယ် ၊ မုန်းလိုက်ကျေးရွာအုပ်စု ၊ မုန်းလိုက် ရှေ့တန်းတပ် စခန်းအနီးရှိ တံတားတွင် နိုဝင်ဘာ ၁၅ ရက်၊ ည ၈ နာရီခန့်က ငွေကျပ်သိန်း(၆ဝဝ)ခန့် တန်ဖိုးရှိ ဆိုင်ရာနိုက်(Cyanide) ဓါတုပစ္စည်း ကီလို(၁ဝဝဝဝ)ခန့် ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃ဝ)တာချီလိတ် မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းယောင်းမြို့နယ် ၊ မုန်းလိုက်ကျေးရွာအုပ်စု မုန်းလိုက်ရှေ့တန်းတပ်စခန်းအနီးရှိ တံတားတွင် မိုင်းယောင်းဘက်မှ မိုင်းဖြတ်ဘက်သို့ စိုင်းဟုန်ခမ်း (ခ) အိုက်တွီနှင့် ၄င်း၏ ဇနီး နန်းလျှိုး လိုက်ပါ လာသည့် 7K- ……….. ခြောက်ဘီး ကွန်တိန်နာ အမျိုးအစား မော်တော်ယာဉ် နှင့် စိုင်းကောင်ခမ်း နှင့် ၎င်း၏ ဇနီး နန်းကိန်ခမ်းတို့ လိုက်ပါလာသည့် 4J - …………… ခြောက်ဘီး ကွန်တိန်နာ အမျိုးအစား မော်တော်ယာဉ် တို့အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ စိုင်းဟုန်းခမ်း (ခ)အိုက်တွီ နှင့် နန်းလျှိုးတို့၏ မော်တော်ယာဉ် နောက်ခန်းအတွင်းမှ အစိမ်းရောင် ဆာလာအိတ်များဖြင့် တစ်ထပ် ၊ စက္ကူအိတ် ဖြင့်တစ်ထပ် ထည့်ထားသည့် ဆိုင်ရာနိုက် ( Cyanide ) အလေးချိန် ( ၅ဝ)ကီလိုခန့်စီပါ (၉၉)အိတ် ၊ စုစုပေါင်း အလေးချိန် (၄၉၅ဝ)ကီလိုခန့် 7K – ……… နံပါတ်ပါ မော်တော်ယာဉ် သက်သေခံကဒ်ပြား (၁)ခုကိုလည်းကောင်း ၊ စိုင်းကောင်းခမ်း နှင့် နန်းကိန်းခမ်း တို့၏ မော်တော်ယာဉ်နောက်ခန်းအတွင်းမှ အစိမ်းရောင် ဆာလာအိတ်များဖြင့် တစ်ထပ် ၊ အညိုရောင် စက္ကူမိတ်ဖြင့် တစ်ထပ် ထည့်ထားသည် ဆိုင်ရာနိုက် (Cyanide ) အလေးချိန် ( ၅ဝ )ကီလိုခန့်စီပါ (၂၁)အိတ် ၊ အလေးချိန် (၁ဝ၅ဝ)ကီလို ၊ (၂၅)ကီလိုခန့်စီပါ (၁၆ဝ)အိတ် ၊ အလေးချိန် (၄ဝဝဝ)ကီလိုခန့်နှင့် 4J – ………..နံပါတ်ပါ မော်တော်ယာဉ် သက်သေခံကဒ်ပြား (၁)ခုကိုလည်းကောင်း ၊ စုစုပေါင်း ဆိုင်ရာနိုက် (Cyanide) အလေးချိန် (၁ဝဝဝဝ)ကီလိုခန့် ဒေသတန်ဖိုးငွေကျပ်သိန်း ၆ဝဝ ခန့် အား တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆိုင်ရာနိုက်(Cyanide) ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဟုန်ခမ်းနှင့်ဇနီး နန်းလျှိုး၊ စိုင်းကောင်ခမ်း နှင့် ဇနီး နန်းကိန်ခမ်း တို့ လေးဦးအား မိုင်းယောင်းမြို့မရဲစခန်းတွင် ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၃၇)နှင့်(၃၈)တို့အရ အသီးသီး အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုင်းယောင်းမြို့နယ်၌ ငွေကျပ်သိန်း(၆ဝဝ)ခန့် တန်ဖိုးရှိ ဆိုင်ရာနိုက် ဓါတုပစ္စည်းများ ဖမ်းဆီးရမိ မိုင်းယောင်းမြို့နယ်၌ ငွေကျပ်သိန်း(၆ဝဝ)ခန့် တန်ဖိုးရှိ ဆိုင်ရာနိုက် ဓါတုပစ္စည်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.