စိတ်မနှံ့ သူ အမျိုးသမီးအား မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် တရားခံ လွတ်မြောက်နေ


နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်အိုင်း မြို့ နယ်အတွင်းက လမ်းမဘေးမှာ မုဒိန်းကျင့်ပြီး အသတ်ခံရတဲ့အသက် ၂၈နှစ်အရွယ် အိမ်ယာမဲ့ စိတ်မနှံ့ သူ အမျိုးသမီးဟာ ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခံရပေမယ့် အသက်မသေခဲ့ဘဲ ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေရပါတယ်။

အ၀တ်အစားမပါဘဲ လမ်းမဘေးမှာ လဲနေတဲ့ သူမကို မနက်စောစောပိုင်းမှာ တွေ့ ခဲ့ပြီး ဆေးရုံကားကိုဆက်သွယ် သွယ်ပြီး ကယ်တင်ခဲ့ရပါတယ်.။

လူသတ်သမားဓါးနဲ့ ထိုးတဲ့အချိန် မှာ သူမက လက်အုပ်ချီပြီး မသတ်ဘို့  ပြောခဲ့တာဟာ လက်နဲ့ ကာလိုက်သလို ဖြစ်ပြီး လက်ဝါးနဲ့ ဦးခေါင်းကို ဓါးရှပ်ထိုးမိ သွားခဲ့ပါတယ်။

လူသတ်သမားက အမျိုးသမီးသေသွားပြီအထင်နဲ့  လမ်းမဘေးက မြောင်းထဲကို ပြစ်ချလိုက်တာပါ။

မဲအိုင်းမြို့ နယ် ရဲ တပ်ဖွဲ့ ကတော့ အခင်းဖြစ်ပွားတဲ့ ညပိုင်း CCTVမှတ်တမ်းတွေကို ဆက်လက်စစ်ဆေးနေပြီး တရားခံဖမ်းမိနိုင်ဘို့  လိုက်လံရှာဖွေနေကြပါတယ်။

လူသတ်မုဒိန်းတရားခံဟာ လွတ်မြောက်နေသေးတဲ့အတွက် နောက်ထပ် မှုခင်းတွေ ဆက်လက်ကျူးလွန်နိုင်တာကြောင့် မဲ့အိုင်းမြို့ နယ်အမှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Credit CH news
Social Action for Children and Women - SAW
စိတ်မနှံ့ သူ အမျိုးသမီးအား မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် တရားခံ လွတ်မြောက်နေ စိတ်မနှံ့ သူ အမျိုးသမီးအား မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် တရားခံ လွတ်မြောက်နေ Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.