ပန်းဘဲတန်းမြို့နယ်တွင် ဂက်(စ်)မီးဖို စမ်းသပ်ပြသရာမှ မီးပေါက်ထွက်မှုဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၁၇

နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမပေါ် ၂၉လမ်းနှင့် လမ်း(၃၀)ကြားရှိ ဂက်(စ်)မီးဖိုနှင့် ဂက်(စ်)အိုးအပိုပစ္စည်းအမျိုးမျိုး အရောင်းဆိုင်တွင် ဂက်(စ်)မီးဖို လာရောက်ဝယ်ယူသူအား ဂက်(စ်)မီးဖို မီးထွက်ကောင်း/
မကောင်း စမ်းသပ်ပြသစဉ် မီးပေါက်ထွက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပန်းဘဲ တန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အဆိုပါအရောင်းဆိုင်ဝန်ထမ်းဖြစ်သူ ဦးချမ်းမြေ့အောင်သည် ဂက်(စ်)မီးဖိုလာရောက်ဝယ်ယူသူ အမျိုးသမီးနှစ်ဦးအား ၎င်းတို့ဝယ်ယူထားသည့် ဂက်(စ်)မီးဖို မီးထွက်ကောင်း/မကောင်းကို အခြားဂက်(စ်)အိုး တစ်လုံးနှင့် တွဲဖက်ကာစမ်းသပ်ပြသစဉ် မီးပေါက်ထွက်မှုဖြစ်ပွားခဲ့ပြီး ဦးချမ်းမြေ့အောင်နှင့် အနီးရှိဆိုင်မန်နေဂျာ ဦးစိုးဝင်းနောင်၊ ဦးဇော်မင်းထွန်း၊ ဦးရွှေမင်း၊ ဒေါ်မိုးမိုးကြည့်နှင့် ဒေါ်ခင်သီတာတို့တွင် အပူလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ပန်းဘဲတန်းမြို့နယ်တွင် ဂက်(စ်)မီးဖို စမ်းသပ်ပြသရာမှ မီးပေါက်ထွက်မှုဖြစ် ပန်းဘဲတန်းမြို့နယ်တွင် ဂက်(စ်)မီးဖို စမ်းသပ်ပြသရာမှ မီးပေါက်ထွက်မှုဖြစ် Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.