သားအဖချင်း ဓါးထိုးမှုဖြစ်ရာမှ ဖခင်ဖြစ်သူ သေဆုံး


မိုးကောင်း နိုဝင်ဘာ ၁၇

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့ ၊ နတ်ကြီးကုန်းရပ် ရုံးဟောင်းလယ်ပြင်အုပ်စု အိမ်အမှတ်(၃၅၂) တွင် နိုဝင်ဘာ ၁၇ ရက်မွန်းလွဲ တစ်နာရီခွဲခန့်က ဖခင်ကရိုက်ရာမှ သားဖြစ်သူက ဓါးနှင့်ပြန်ထိုးသဖြင့် ဖခင်ဖြစ်သူ သေဆုံးမှုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ဖခင်ဖြစ်သူဦးခလမ်နော်ဂျာ (၄၁)နှစ်နှင့်သား ဖြစ်သူနောနော်(၁၇)နှစ်တို့သား အဖချင်းဓါးထိုးမှုဖြစ်ရာဆေးရုံ အ ရောက် တွင်ဖခင်ဖြစ်သူဦးခလမ်နော်ဂျာ်မှာသေဆုံး သွားသောအမှုတစ်ခုဖြစ်ပွားခဲ့သည်။

"အဖေကအိမ်နဲ့စိတ်ဆိုးပြီး မရီးအိမ်မှာသွားနေနေတာ ၅ရက်လောက်ရှိနေတာကို သားလုပ်သူကသွားခေါ်တော့ အဖေကရိုက်တာနဲ့ကောင်လေးက ဓါးနဲ့ရင်ညွန့်ထိုးတာ တစ်ချက်ထဲခွေသွားတာ"ဟု မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းဒုတကသူရရှိန်မှ ပြောပါသည်။

သားဖြစ်သူနောနော်မှာ ဖြစ်လျှင်ဖြစ်ပြီးခြင်း ထွက်ပြေးနေသဖြင့် မိုးကောင်းမြို့မရဲစခန်းမှ တရားခံဖမ်းဆီးရ မိ ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ချိုမောင် / EPN
ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်
https://www.facebook.com/epngnews

သားအဖချင်း ဓါးထိုးမှုဖြစ်ရာမှ ဖခင်ဖြစ်သူ သေဆုံး သားအဖချင်း ဓါးထိုးမှုဖြစ်ရာမှ ဖခင်ဖြစ်သူ သေဆုံး Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.