အမေရိကန် ရေတပ်ကြောင့် နျူကလီးယားစစ်ပွဲ အန္တရာယ်ကြီးမား


ကိုရီးယားကျွန်းဆွယ်တ၀ိုက်မှာ အမေရိကန် လေယာဉ်တင် စစ်သင်္ဘော သုံးစီး ထူးထူးခြားခြား ရောက်ရှိ နေ တာဟာ အနြုမူစစ်ပွဲ ကို ဖိတ်ခေါ်သလိုဖြစ်နေတယ်လို့ မြောက်ကိုရီးယား ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်လေယာဉ်တင် သင်္ဘော ၃ စီး နဲ့အတူ တောင်ကိုရီးယားစစ်သင်္ဘောတွေ ပါဝင်ပြီး၊ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

ပထမဦးဆုံးအကြိမ် အမေရိကန် လေယာဉ်တင် သင်္ဘော ၃ စီးကို ပါဝင်လေ့ကျင့်ခဲ့တာပါ။ မြောက်ကိုရီးယား ကိုပစ်မှတ်ထားပြီး လေ့ကျင့်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီး ယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ တဦးကပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကတော့ အမေရိကန်ရဲ့ အခုလို အကြီးစားအနုမြူ စစ်ရေးလေ့ကျင့်နေတာတွေကြောင့် မြောက်ကိုရီးယားအနေနဲ့ ရွေးချယ်စရာတခုသာရှိတော့မှာဖြစ်ပြီး၊ ဆုံးခန်းတိုင်အောင် ဆောင်ရွက်ဖို့သာရှိတော့တယ်လို့လည်းပြောလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အမေရိကန် ရေတပ်ကြောင့် နျူကလီးယားစစ်ပွဲ အန္တရာယ်ကြီးမား အမေရိကန် ရေတပ်ကြောင့် နျူကလီးယားစစ်ပွဲ အန္တရာယ်ကြီးမား Reviewed by THITHTOOLWIN on 05:41 Rating: 5
Powered by Blogger.