ဦးဝီရသူကို တရားဟောခွင့် ပြန်ပေးဖို့ လျှောက်ထား

ပရဟိတတွေ ပညာရေးတွေ လုပ်နေတဲ့ အပေါ် ထိခိုက်မှု ရှိနိုင် တယ်လို့ ဦးဝီရသူ က ဘီဘီစီကို မိန့်
နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ကျင်းပနေတဲ့ အစည်း အဝေးမှာ အမျိုးသားရေး ဆရာတော် ဦးဝီရသူကို တရားဟောခွင့်ပေးဖို့ ဆရာတော် ၂ ပါးက လျှောက်ထားတဲ့ အပေါ် အစည်း အဝေး ဆုံးဖြတ်ချက် အရ အရင် ညွန်ကြားချက် အတိုင်း တရားဟောခွင့် ဆက်ပိတ် ထားဖို့ ညွန်ကြား လိုက်ပါတယ်။

အခုလို ဆက်လက် ပိတ်ပင်ထားတဲ့ အပေါ် ဆရာတော် အနေနဲ့ ဘာမှ မဖြစ်ကြောင်း၊ ဒါပေမယ့် ပရဟိတတွေ ပညာရေးတွေ လုပ်နေတဲ့ အပေါ် ထိခိုက်မှု ရှိနိုင် တယ်လို့ ဦးဝီရသူ က ဘီဘီစီကို မိန့်ပါတယ်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲ တွေကို သံဃာတော် တွေ သီလရှင် တွေ မတက်ရောက်ဖို့ မဟန က မိန့်ကြားတဲ့ အပေါ်မှာ တော့ အပြည့်အဝ ထောက်ခံ တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

ဒါဟာ ထေရဝါဒ ဗုဒ္ဓ ဘာသာ အရ သံဃာတော် တွေနဲ့ လူပုဂ္ဂိုလ်တွေ တတန်းတည်း ထားတာမျိုး လုပ်လို့ မရဘူးလို့ ဆိုပါတယ်။

လက်ရှိ အခြေ အနေမှာ မဘသ ဆရာတော်တွေ ကို ဖမ်းဆီး နေတဲ့ အပေါ် အန်အဲလ်ဒီ အစိုးရဟာ အာဏာရှင် အစိုးရ ဆီကို သိသိ သာသာ ဦးတည် သွားနေတာ ပေါ်လွင်လာတယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ