အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦး ရိုက်နှက်လုယက်ခံရ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဗျိုက်အုပ်စု၊ အနောက်စုရွာမှာ နိုဝင်ဘာ(၂၇)ရက် မနက်(၂) နာရီအချိန်ခန့်က အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦး ရိုက်နှက်လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ဖြစ်စဉ်မှာ ဒေါ်အေးကြီးဆိုသူဟာ နေအိမ်မှာရှိနေချိန် ခြံဝန်းထဲကို လူတစ်ဦးဝင်ရောက်လာပြီး ထိုးကြိတ်ရိုက်နှက်ကာ ၀တ်ဆင်ထားတဲ့ ကာလတန်ဘိုးကျပ်(၃)သိန်းကျော်တန်ဖိုးရှိ ရွှေဆွဲကြိုးကို ဖြုတ်ယူသွားတယ်လို့ သိရပါတယ်။


 ထိုးကြိတ်ရိုက်နှက်ခံရတာကြောင့် ယာလက်ကောက်ဝတ်ကျိုး၊ ယာချိုစောင်းကွဲ၊ ယာမျက်လုံးနဲ့ပါး ဖူးယောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၉၄ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်၇ွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦး ရိုက်နှက်လုယက်ခံရ အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦး ရိုက်နှက်လုယက်ခံရ Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.