ပလက်ဝမြို့နယ် ငရှားကျေးရွာသား မိုင်းနှင်းမိ၍ သေဆုံး


ခိုနုမ်းသုန်သတင်း၊ ၂၉ နိုဝင်ဘာ ၂၀၁၇

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ငရှားကျေးရွာနေ ဦးကျော်သာအောင် ၂၅နှစ် ၄/ပလဝ (နိုင်)၀၆၈၂၄၃ ကိုင် ဆောင်သူသည် နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၉နာရီကျော်တွင် အဖွဲ့ အမည် မသိထောင်ထား သည့် မိုင်းကို နှင်းမိ၍ ၁၁နာရီဝန်းကျင်တွင် ၎င်းနေရာ၌သေဆုံး ခဲ့သည်။

ဖြစ်ပျက်သည့်နေရာအကွာအဝေးမှာ ရွာနှင့် ၆မိုင် (၂နာရီ ခရီး) ခန့် ဖြစ် ပြီး ရွာအနောက်ဖက် ကားလ် တောင် အောက်တွင်ဖြစ်သည်။ သူ၏ယာဘက်ခြေဒူးအောက်ပိုင်းဖြတ် ခံရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/
ပလက်ဝမြို့နယ် ငရှားကျေးရွာသား မိုင်းနှင်းမိ၍ သေဆုံး ပလက်ဝမြို့နယ် ငရှားကျေးရွာသား မိုင်းနှင်းမိ၍ သေဆုံး Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.