အဖေ အရင်းကို သားဖြစ်သူက ဓားမနှင့် ခုတ်သတ်မှု


မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ မြောက်မကျင်းကျေးရွာတွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့် က သားအဖချင်း စကားများရန်ဖြစ်ရာမှ အဖေ အရင်းကို သားဖြစ်သူက ဓားမနှင့် ခုတ်သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အဆိုပါလူသတ်မှု သတင်းအရ ကျောက်ထုနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ  မြောက်မကျင်းကျေးရွာနေ ဦးမောင်နီ(၅၅)နှစ်နှင့် သားဖြစ်သူ ဝေယံစိုး(၁၉)တို့ မိသားစုကိစ္စဖြင့် စကားများရန်ဖြစ်စဉ် သားဖြစ်သူ က အရိုးအသွား(၂၂) လက်မခန့် ရှိ ဓားမဖြင့်ခုတ်ရာ ဦးမောင်နီ တွင် ဒဏ်ရာများရရှိသေဆုံးသွား ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုအား အရေးယူပေးရန် တိုင်တန်းချက်အရ ဝေယံစိုး အား ကျောက်ထုနယ်မြေရဲစခန်း(ပ)၃၀၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
အဖေ အရင်းကို သားဖြစ်သူက ဓားမနှင့် ခုတ်သတ်မှု အဖေ အရင်းကို သားဖြစ်သူက ဓားမနှင့် ခုတ်သတ်မှု Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.