မိုးကောင်းမြို့ နယ်တွင် ပွဲညက်ရှာရန်သွားရာမှ တိုက်မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွား


မိုးကောင်း နိုဝင်ဘာ ၂၀

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထိုပူးကျေးရွာအုပ်စု ဒေသအခော်(တိုက်ကျောင်းကျေးရွာ)အနီးတွင် နိုဝင်ဘာ၂၀ရက် ညနေ၆နာရီက ဒေသခံတစ်ဦး ပွဲညက်ရှာရန်သွားရာမှ တိုက်မိုင်းပေါက်ကွဲမှုဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ မိုးကောင်းမြို့ ရွာသစ်ရပ်ကွက် အုပ်စု(၆)နေ ဦးဘီမာတူးအောင်(၃၅)နှစ်သည် မိုးကောင်းမြို့နယ် ထိုပူးကျေးရွာအုပ်စု၏ အရှေ့ဘက် ဒေသအခေါ်(တိုက်ကျောင်းကျေးရွာ)အနီးသို့ ပွဲညက်ရှာရန်သွားစဉ် တိုက်မိုင်းပေါက်ကွဲသဖြင့် ဝဲ/ယာ ခြေသလုံးနှင့်ပေါင်တို့တွင်လည်းကောင်း၊ယာဘက်လက်ဖျံတို့တွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူလူနာအား ည၈နာရီတွင် လောကတ္ထစရိယလူမှုကူညီရေးအသင်း(မိုးကောင်း)မော်တော်ယာဉ်ဖြင့် မိုးကောင်းဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူပြီး ရဲဆေးစာမှတ်တမ်းများရယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဝင်းနိုင် - ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
မိုးကောင်းမြို့ နယ်တွင် ပွဲညက်ရှာရန်သွားရာမှ တိုက်မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွား မိုးကောင်းမြို့ နယ်တွင် ပွဲညက်ရှာရန်သွားရာမှ တိုက်မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.