ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်ရှိ ဘီယာဆိုင် မီးလောင်မှုဖြစ်ပွား


မန္တလေး နိုဝင်ဘာ ၇

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၆ လမ်း၊ အနော်ရထာလမ်းနှင့် ဘုရင့်နောင်လမ်းကြား၊ ကံသာယာရပ်ကွက် အကွက်အမှတ် (ငင-၄) ရှိ New Style ဘီယာဆိုင်တွင် နိုဝင်ဘာလ မွန်းလွဲ ၁ နာရီ ၅ မိနစ်က ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် (၂၀)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၃၀) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀၀)ဦးနှင့် ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် (၃၀×၅၀) ပေ၊ သွပ်မိုး၊ အုတ်ခင်း၊ သံဖရိန်၊ New Style ဘီယာဆိုင် မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်မန်နေဂျာ ကိုမင်းမင်းစိုင်း အား ချမ်းမြသာစည်မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်ရှိ ဘီယာဆိုင် မီးလောင်မှုဖြစ်ပွား ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်ရှိ ဘီယာဆိုင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.