ရခိုင် ပဋိပက္ခတွေကြောင့် ခရီးသွားအရေအတွက် ထင်ထားသလောက် လျော့မသွား


မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာသတင်းမီဒီယာတွေက သတင်းမှားတွေ ဖေါ်ပြနေကြပေမယ့် အနောက်နိုင်ငံတွေက ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်လိုတဲ့ဆန္ဒ ရှိနေကြဆဲပါပဲလို့ မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ထိပ်တန်းအရာရှိတဦးက ပြောဆိုကြောင်း လန်ဒန်အခြေစိုက် TTG သတင်းက ဖေါ်ပြပါတယ်။

TTG သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ မြန်မာ့ခရီးသွားလုပ်ငန်းဖက်ဒရေးရှင်း တွဲဘက် အထွေထွေအတွင်းရေးမှူး ဦး သောမတ်စ် ကျော်မင်းထင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်ဟာ အခု ၂၀၁၇ ခုနှစ်အထိ နှစ်စဉ် ၆ ရာခိုင်နှုန်းတိုးတက်နေကြောင်း၊ လာရောက်ကြတဲ့ ခရီးသွားတွေထဲမှာ အာရှနိုင်ငံတွေအပြင် အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက အဓိက လာရောက်ကြကြောင်း ပြောဆိုခဲ့ပါတယ်။

ပဋိပက္ခတွေကြောင့် ခရီးသွားအရေအတွက် ထင်ထားသလောက် လျော့ကျမသွားခဲ့ကြောင်း၊ သတင်းမှားတွေ ပေါ်ထွက်နေပေမယ့် အနောက်နိုင်ငံတွေက ခရီးသွားတွေ ဆက်လက်ဝင်ရောက်နေကြောင်း၊ အခု ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာဟာ နိုင်ငံ့မြောက်ပိုင်း နဲ့အနောက်ပိုင်းက နေရာဒေသတစ်ခုမှာ ကွက်ပြီးဖြစ်ခဲ့တာကြောင့် နိုင်ငံခြားခရီးသွားတွေရဲ့ လုံခြုံရေးအတွက် ရာနှုန်းပြည့် စိတ်ချရကြောင်း၊ တကယ့်ဖြစ်ရပ်မှန်နဲ့ ပြင်ပသတင်းဖေါ်ပြချက်တွေကို နှိုင်းယှဉ်လေ့လာနိုင်အောင် လာမယ့် ၂၀၁၈ ခုနှစ် အတွင်း ခရီးစဉ် ၁၂ ခု စီစဉ်ထားတဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလေ့လာကြဖို့ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ခရီးသွားလုပ်ငန်းတွေကို ဖိတ်ခေါ်ကြောင်းလည်း ပြောဆိုခဲ့တယ်လို့ TTG သတင်း က ဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရခိုင် ပဋိပက္ခတွေကြောင့် ခရီးသွားအရေအတွက် ထင်ထားသလောက် လျော့မသွား ရခိုင် ပဋိပက္ခတွေကြောင့် ခရီးသွားအရေအတွက် ထင်ထားသလောက် လျော့မသွား Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.