အမြန်လမ်းမကြီး၌ မန္တလာမင်း Express ခရီးသည်ယာဉ်အား CROWN ယာဉ် ၀င်တိုက်


နေပြည်တော် စက်တင်ဘာ ၁၆

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၀၀/၁ နှင့် ၁၀၀/၂ အကြား ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း (စိစစ်ဆဲ) မောင်းနှင်လာသော CROWN မော်တော်ယာဉ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ယ​နေ့မွန်းလွဲ ၃နာရီခွဲက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကျော်တက်ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိစဉ် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးစောကျော်စေး မောင်းနှင်လာသော မန္တလာမင်း Express ခရီးသည်တင် မော်တော်ယာဉ်၏ ရှေ့ဝဲဘက်ဦးခေါင်းအား ၀င်တိုက်မိကာ လမ်းမပေါ်၌ ရပ်တန့်ခဲ့ သည်။


မန္တလာမင်း Express မော်တော်ယာဉ်မှာ လမ်းယာဘက်ဘေးရှိ ရေမြောင်းထဲသို့ ရောက်ရှိရပ်တန့်ခဲ့သည်။


ဖြစ်စဉ်ကြောင့် မန္တလာမင်း Express ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၃၄ ဦးမှာ ထိခိုက်မှုမရှိဘဲ CROWN ယာဉ်မှ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။

သန်းဦး (လေးမျက်နှာ)
ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
အမြန်လမ်းမကြီး၌ မန္တလာမင်း Express ခရီးသည်ယာဉ်အား CROWN ယာဉ် ၀င်တိုက် အမြန်လမ်းမကြီး၌ မန္တလာမင်း Express ခရီးသည်ယာဉ်အား CROWN ယာဉ် ၀င်တိုက် Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.