စသုံးလုံး အကြီးတန်းစာရေးမ၏ ပိုက်ဆံအိတ် လုပြေးခံရ


မုံရွာ၊ စက်တင်ဘာ ၁၆။

မုံရွာမြို့တွင် စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန) ရုံးအကြီးတန်း စာရေးမတစ်ဦးမှာ လူအသွားအလာများရာ ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ နေ့ခင်းကြောင်တောင် ပိုက်ဆံအိတ် လုပြေးခံရကြောင်း သတင်းရရှိသည်

စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၁နာရီက မြို့သစ်ရပ်ကွက် စသုးံလုံးရုံးဝန်း လိုင်းခန်းနေ အကြီးတန်း စာရေးမ ဒေါ်ချိုချိုဇင်သည် သမီးဖြစ်သူနှင့်အတူ ရုံးသို့ ဗိုလ်ချုပ်လမ်းအတိုင်း ဆိုင်ကယ်စီး၍ ပြန်လာခဲ့သည်။

၎င်းတို့ဆိုင်ကယ်သည် အောင်ချမ်းသာရပ်ကွက် အမှတ် ၁၆ ခြေမြန်တပ်ရင်း ရှေ့အရောက်တွင် ၀မ်းတူးဖိုက်ဆိုင်ကယ် အနက်ရောင်စီးလာသော အမျိုးသားနှစ်ဦးမှ အရှိန်ဖြင့်ကျော်တက်ပြီး ဆိုင်ကယ် လက်ကိုင်တွင် ချိတ်ထားသော ပိုက်ဆံအိတ်အား ဆွဲယူထွက်ပြေးမောင်းနှင်သွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပိုက်ဆံအိတ်ဆွဲယူ ထွက်ပြေးသောအရှိန်ကြောင့် ဆိုင်ကယ်မှာ လဲကျပြီး လက်၊ခြေထောက်တို့၌ ပွန်းပဲ့ ဒဏ်ရာများရကာ ဆေးကုသခံနေရကြောင်း သိရသည်။

ပိုက်ဆံအိတ်ထဲတွင် ငွေ ၅သောင်း၊ ဟန်းဆက်တစ်လုးံ၊ ဘဏ်စာအုပ်၊ယာဉ်မောင်းလိုင်စင်၊၀န်ထမ်းကတ် တို့ပါသွားကြောင်း သိရသည်။

၎င်းအမှုအား မုံရွာမြို့ မရဲစခန်းတွင် ပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့် ထားပြီး လုပြေးသူများကို နယ်မြေခံသတင်းပေးများမှ တဆင့် စုံစမ်းရှာဖွေနေကြောင်းသတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
စသုံးလုံး အကြီးတန်းစာရေးမ၏ ပိုက်ဆံအိတ် လုပြေးခံရ စသုံးလုံး အကြီးတန်းစာရေးမ၏ ပိုက်ဆံအိတ် လုပြေးခံရ Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.