မြန်မာပြည်တွင်းရေး ပြင်ပမှ ၀င်ရောက်စွက်ဖက်မှု ရုရှားဆန့်ကျင်


နိရဉ္စရာ၊ စက်တင်ဘာ ၁၆

ယခုလက်ရှိ ရခိုင်ပြည်နယ် တွင် ဖြစ်ပွားနေသည့် ပြသနာမှာ မြန်မာပြည်တွင်းရေးသာ ဖြစ်ပြီး ပြည်ပမှ ၀င်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။

ရုရှားနိုင်ငံခြားရေး ၀န်ကြီးမှ စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် မော်စကို အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပေါ်နေသည့် ပြသနာသည် မြန်မာပြည်တွင်းရေးသာ ဖြစ်သည်ဟု ရှုမြင်ပြီး မည်သည့် ပြည်ပစွက်ဖက်မှုကို မဆို ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။

မြန်မာပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် ကြိုးပမ်းခြင်းသည် တစ်ခုတည်းသော ထိခိုက်မှုကိုသာ ဖြစ်နိုင်ကြောင်း၊ ၎င်းမှာ မြန်မာနိုင်ငံ၏ ဘာသာပေါင်းစုံအကြား စိတ်ဝမ်းကွဲပြားခြင်းကိုသာ နက်ရှိုင်းစွာ ပေါ်ပေါက်စေနိုင်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Maria Zakharova ပြောဆိုသည်။

“ မဖြစ်မနေ သတိပြုရမှာက အချုပ်အချာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ချင်တာဟာ သူ့နိုင်ငံရဲ့ ဘာသာပေါင်းစုံ စိတ်ဝမ်းကွဲပြားမှု တစ်ခုကိုသာ ဖြစ်ပေါ် လာစေနိုင်ပါတယ်” ဟု ၎င်းအမျိုးသမီးက ပြောကြောင်း ရုရှား သတင်းဌာန Tass တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံ၏ ရပ်တည်ချက် သဘောထားသည် ရခိုင်ပြည်နယ် အတွင်းမှ ဘင်္ဂလီလူမျိုးများ သိန်းနှင့် ချီပြီး အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးနေမှုကြောင့် ဆူပူကန့်ကွက်မှုများ ထွက်ပေါ်နေချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာပြည်တွင်းရေး ပြင်ပမှ ၀င်ရောက်စွက်ဖက်မှု ရုရှားဆန့်ကျင် မြန်မာပြည်တွင်းရေး ပြင်ပမှ ၀င်ရောက်စွက်ဖက်မှု ရုရှားဆန့်ကျင် Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.