သမီးရည်းစား ချိန်းတွေ့နေစဉ် လူသတ်မှုဖြစ်


ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ စက်တင်ဘာ ၁ဝ ရက် ည ၇ နာရီခွဲခန့်က အမှတ် (၉၂)ရပ်ကွက် သပြေခြံနောက်ကျော ကွန်ကရစ်လမ်းဘေး အုတ်ပုံအနီး လူငယ်တစ်ဦး လဲကျနေကြောင်း သတင်း ရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ ထိုးသွင်းဒဏ်ရာတစ်ချက် ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

သေဆုံးသူမှာ မောင်ကမ်းဝင်းမွန် (ခ)မွန်ပီး (၂ဝနှစ်) အမှတ် (၉၄) ရပ်ကွက် တိုက် (၃၅) ၁ဝ လမ်းတွင် နေထိုင်သူဖြစ်ကြောင်းသိရှိပြီး အခင်း ဖြစ်ပွားချိန်တွင် မောင်ကမ်းဝင်းမွန်(ခ)မွန်ပီးနှင့် မဆန်နူး တိုက် (၃၅) စပယ် လမ်းနေသူတို့ လူငယ်သဘာဝချိန်းတွေ့ စဉ် လူနှစ်ဦးရောက်ရှိလာပြီး၎င်းတို့ အနက် တစ်ဦးက မောင်ကမ်းဝင်းမွန်၏လည်ပင်းအား ဓားဖြင့်ထောက်သဖြင့် လုံးထွေးနေစဉ် မောင်ကမ်းဝင်းမွန်၏ ရင်ညွန့်အား ဓားဖြင့်ထိုးရာ မောင်ကမ်း ဝင်းမွန်းမှာ လဲကျသွားခဲ့သဖြင့် မဆန်နူး က ပတ်ဝန်းကျင်သို့ အော်ဟစ်အကူ အညီတောင်းရာ ထိုသူက မဆန်နူးအား ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားကြောင်း သိရသည်။

 မဆန်နူးအား ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူတို့က သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် ပို့ဆောင်ဆေးကုသမှုခံယူစေပြီး ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းမိနိုင်ရေး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မ ရဲစခန်းက အမှုဖွင့် စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုကြီးစိုး (ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သမီးရည်းစား ချိန်းတွေ့နေစဉ် လူသတ်မှုဖြစ် သမီးရည်းစား ချိန်းတွေ့နေစဉ် လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 15:50 Rating: 5
Powered by Blogger.