မန္တ​လေးမြို့တွင်​ ဓားကိုင်​ရမ်းကား​နေသူအား အချိန်​မီသွား​ရောက်​ ဖမ်းဆီးနိုင်​ခဲ့


မန္တ​လေးမြို့၊ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနှင့် ၅၉လမ်းထောင့်​တွင် စက်​တင်​ဘာ ၁၁ ရက်​ ည ၈နာရီခွဲအချိန်​ခန့်​တွင်​ ဓားဦးချွန်တစ်ချောင်း ကိုင်ဆောင်ထား​သော လူတစ်ဦး ရမ်းကားနေ​ကြောင်း သတင်းအရ ဆိုင်​ကယ်​ဖြင့်​ လှည့်​ကင်းတာဝန်​ထမ်း​ဆောင်​​နေ​သော ရဲတပ်​ဖွဲ့ဝင်​များမှ အချိန်​မီသွား​ရောက်​ ဖမ်းဆီးနိုင်​ခဲ့​ကြောင်း သတင်းရရှိသည်​။


အဆိုပါ ဓားကိုင်ရမ်းကားသူမှာ မန္တ​လေးမြို့၊ ၃၅လမ်းတွင်နေထိုင်သည့် ကားဝယ်/ရောင်းလုပ်ကိုင်သူ ကျော်ကိုကို(၃၈)နှစ် ဖြစ်​​ကြောင်း စစ်​​ဆေးသိရှိရကာ ၄င်းကိုင်ဆောင်ထားသည့် အရိုးသွား ၉လက်မခွဲရှိ သက်သေခံဓားနှင့်အတူ အောင်ပင်လယ်ရဲစခန်း၌ (ပ)၃၃၅/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ-၁၉(င)ဖြင့် အမှုဖွင့်အရေးယူထား​ကြောင်း သိရသည်​။

ALinNge
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တ​လေးမြို့တွင်​ ဓားကိုင်​ရမ်းကား​နေသူအား အချိန်​မီသွား​ရောက်​ ဖမ်းဆီးနိုင်​ခဲ့​ မန္တ​လေးမြို့တွင်​ ဓားကိုင်​ရမ်းကား​နေသူအား အချိန်​မီသွား​ရောက်​ ဖမ်းဆီးနိုင်​ခဲ့​ Reviewed by THITHTOOLWIN on 15:41 Rating: 5
Powered by Blogger.