ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းတစ်ချို့ ၃ ရက် အတွင်းဖွင့်မည်

( ဘူးသီးတောင်မြို့ထဲမှ အထကတွင် ခိုလုံနေကြသည့် ဒုက္ခသည်များ)
စစ်တွေ၊ စက်တင်ဘာ ၁၂

အကြမ်းဖက်မှုများကြောင့် ပိတ်ထားရသည့် ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းပေါင်း ၂၀ကို ၃ရက်အတွင်း ပြန်လည် ဖွင့်ရန် စီစဉ်နေကြောင်း ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ကပြောသည်။

“ ကျွန်တော်တို့ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ ဆရာမတွေဆီ အကြောင်းကြားထားပါတယ်။ လုံခြုံရေး ကောင်းမွန်တဲ့ မြို့ပေါ်က ကျောင်းပေါင်း ၂၀ ကို သုံးရက်အတွင်း ပြည်လည် ဖွင့်လှစ်နိုင်အောင် စီစဉ်နေပါတယ်” ဟု ပြည်နယ် ပညာရေးမှူးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွှန်ဖေအား နိရဉ္စရာ သတင်းဌာနက ဆက်သွယ်ပြီး ကျောင်းများ ဖွင့်လှစ်ရန် အခြေအနေ ရှိ မရှိကို မေးမြန်းရာ ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာ၊ဆရာမများအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ကျရာ နေရာဒေသသို့ လာရောက်ရန် မှာကြားထားကြောင်း ပြောကြားသည်။

“ ဘူးသီးတောင်မြို့နယ်မှာ လက်ရှိ နေထိုင်နေကြတဲ့ ဆရာ ဆရာမတွေကို မြို့နယ် အတွင်းမှာ ရှိနေကြောင်း လက်မှတ်ထိုးခိုင်းပြီးတော့၊ တစ်ခြားမြို့နယ်တွေမှာရောက်ရှိနေတဲ့ ဆရာတွေကို ပြန်ခေါ်ထားပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ပညာရေးမှူးက ဆက်လက် ပြောကြားသည်။

ဘူးသီးတောင်မြို့တွင် ပြန်လည်ဖွင့်မည့်ကျောင်းများအား စစ်တပ်လုံခြုံရေးပေးပြီး ဖွင့်လှစ်သွားမည်ဟု ဘူးသီးတောင် ပညာရေးမှူး ဦးညွှန့်ဖေ က ပြောသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းတစ်ချို့ ၃ ရက် အတွင်းဖွင့်မည် ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းတစ်ချို့ ၃ ရက် အတွင်းဖွင့်မည် Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.