ရော်ဘာကျဉ်ဆံ အသုံးပြုသည့်သေနတ်၊ ကျဉ်ဆံထွက်မှုဖြစ်ပွား


တောင်တွင်းကြီး စက်တင်ဘာ (၁၃)

မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ ၊ မြို့လယ်လမ်းဆုံရှိ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရုံးခန်းအတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ရဲဝင်း ကိုင်ဆောင်ထားသော အဓိကရုဏ်းများကို လူစုခွဲထိန်းသိမ်းသည့် ရော်ဘာကျဉ်ဆံသုံး ( 12 ဗို့ ) သေနတ်တစ်လက်မှ ယနေ့ စက်တင်ဘာ (၁၃) ရက် ၊ နံနက် (၁၀) နာရီ (၁၅) မိနစ် အချိန်ခန့်က ကျဉ်ဆံထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

အဆိုပါ ကျဉ်ဆံထွက်မှုကြောင့် အနီးနားရှိ တောင်တွင်းကြီးမြို့ ၊ ရွှေအိုး (၁) ရပ်ကွက်နေ (ဘ) ဦးမြဌေး ၏သား (သ) ၃၁ နှစ်ရှိ ကိုစိုးမိုးအောင် အားထိမှန်ခဲ့ကြောင်း သိရသည် ။

ထိုသို့ ရော်ဘာကျဉ်ဆံများ ထိမှန်ခဲ့မှုကြောင့် ကိုစိုးမိုးအောင်တွင် ယာဘက်ပါးစောင် ပေါက်ပြဲဒဏ်ရာ ၊ ၀ဲဘက်ပါးပွန်းပဲ့ဒဏ်ရာ ၊ လည်ပင်းယာဘက် ပေါက်ပြဲဒဏ်ရာ ၊ ၀ဲဘက်ပုခုံးပေါ် ပွန်းပဲ့ဒဏ်ရာ ( မစိုးရိမ်ရ ) တို့ ရရှိခဲ့ပြီး တောင်တွင်းကြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည် ။

ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အတွက် ဖြစ်ပွားခဲ့ကြောင်း အသေးစိတ် အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ကနဦးသတင်း ရရှိသည်။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
https://www.facebook.com/bopyae.taungdwingyi
ရော်ဘာကျဉ်ဆံ အသုံးပြုသည့်သေနတ်၊ ကျဉ်ဆံထွက်မှုဖြစ်ပွား ရော်ဘာကျဉ်ဆံ အသုံးပြုသည့်သေနတ်၊ ကျဉ်ဆံထွက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.