သုံးခွမြို့ နယ် ရှမ်းစုကျေးရွာတွင် အမျိုးသမီး (၃) ဦးရေနစ်သေဆုံး


ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ နယ် ရှမ်းစုကျေးရွာတွင် အမျိုးသမီး (၃)ဦး စက်တင်ဘာလ ၁၂ ရက် နေ့လယ်၂နာရီ ၄၀အချိန် ခန့် က ရေနစ်သေဆုံးကြောင်း သိရှိရသည်။

အဆိုပါ ရှမ်းစုကျေးရွာတွင် အမျိုးသမီး (၃)ဦး ရေနစ်သေဆုံးကြောင်း သတင်းရရှိသဖြင့် သုံးခွမြို့မ ရဲစခန်းမှူးဒုရဲမှူးအောင်နိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် သွားရောက် စစ်ဆေးရာ သေဆုံးသူများမှာ ရှမ်းစုကျေးရွာနေဦးကြည်ဆွေ၏ သမီးမမာလာဆွေ (၂၂)နှ စ်နှင့် မနွေမိုးဦး (၁၇) နှစ် ၊ ဦးမြင့်သိန်း၏သမီး မသိရိစန္ဒာ (၂၀)နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ဦးကြည်ဆွေ၏ပြောကြားချက်အရ သေဆုံးသူများမှာ နံနက် ၉နာရီ အချိန်ခန့် က ငါးသွားဖမ်းမည်ဟုပြောဆိုပြီး ထွက်သွားရာမှ ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ ရှမ်းစုကျေးရွာ အနောက် ဘက် ကြာပင်ရိုး၊ အကျယ်(၂၀)ပေ အနက် (၁၅)ပေခန့် ရှိ ရိုးကမ်းစပ်တွင် ဦးထုပ်နှင့် ဒန်အိုးများတွေ့ရှိသဖြင့် ရိုးအတွင်းရှာဖွေရာမှ ရုပ်အလောင်းများကို တွေ့ရှိရကြောင်း သိရှိရသည်။

အလောင်းများအား စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ရေနစ်သည့် လက္ခဏာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည် ယင်းဖြစ်စဉ်နှင့် ပက်သက်၍ သုံးခွမြို့မရဲစခန်းမှ အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့အလင်း သတင်းအရ သိရှိရသည်။

သစ်ထူးလွင်
သုံးခွမြို့ နယ် ရှမ်းစုကျေးရွာတွင် အမျိုးသမီး (၃) ဦးရေနစ်သေဆုံး သုံးခွမြို့ နယ် ရှမ်းစုကျေးရွာတွင် အမျိုးသမီး (၃) ဦးရေနစ်သေဆုံး Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.