ဘုရားပွဲတွင် ရန်ဖြစ်စဉ် ဝင်ရောက်ဖျန်ဖြေရာမှ ဓားထိုးခံရသဖြင့် သေဆုံး


နေပြည်တော်၊ စက်တင်ဘာ ၇

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၃ နာရီ ၅၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ တောင်သာမြို့နယ်၊ သာယာမြိုင်ကျေးရွာဘုရားပွဲတွင် ရန်ဖြစ်စဉ် ဝင်ရောက်ဖျန်ဖြေရာမှ ဓားထိုးခံရသဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 ခံပင်ကျေးရွာနေ မင်းကိုနိုင် (၂၇)နှစ်နှင့် သာယာမြိုင်ကျေးရွာနေ သန်းစိုး(၁၇)နှစ်တို့ စကားများရန်ဖြစ်စဉ် သာယာမြိုင်ကျေးရွာနေ အောင်မျိုးထွန်း(၂၂)နှစ်နှင့် တစ်ရွာတည်းနေ ဘိုတောက်(၄၂)နှစ်တို့မှ ဝင်ရောက်ဖျန်ဖြေရာ မင်းကိုနိုင် မှ အသင့်ပါလာသည့်ဓားဖြင့်ထိုးရာ သန်းစိုး၊ အောင်မျိုးထွန်းနှင့် ဘိုတောက်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဝဲလောင်ဆေးရုံသို့ တင်ပို့ကုသစဉ် ဘိုတောက်မှာ သေဆုံးသွားခြင်း ဖြစ်သည်။

 မင်းကိုနိုင်အား ဝဲလောင်ရဲကင်းစခန်း(ပ)၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်
ဘုရားပွဲတွင် ရန်ဖြစ်စဉ် ဝင်ရောက်ဖျန်ဖြေရာမှ ဓားထိုးခံရသဖြင့် သေဆုံး ဘုရားပွဲတွင် ရန်ဖြစ်စဉ် ဝင်ရောက်ဖျန်ဖြေရာမှ ဓားထိုးခံရသဖြင့် သေဆုံး Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.