အရှိန်မထိန်းနိုင်သည့် ယာဉ်မှ ဘုရားကျောင်းမုဒ်ဦး အုတ်တိုင် ဝင်တိုက် ငါးဦးဒဏ်ရာရ


ဘားအံ စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နှစ်​ခြား​ကျေးရွာအုပ်စု၊ ကုလားကုန်းရွာရှိ ဟိန္ဒူ ဘုရား​ကျောင်းအဝင်​ မုဒ်​ဦး အုတ်​တိုင်​အား အရှိန်မထိန်းနိုင်သည့် ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ကြောင်းသတင်းရရှိသည်။

စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က ဟိန္ဒူဘုရား​ကျောင်းအဝင်​ မုဒ်​ဦး အုတ်​တိုင်​အားယာဉ်တစ်စီးမှအရှိန်ပြင်းစွာတိုက်မိပြီး ယာဉ်ပေါ်ပါလာသူအများအပြား ဒဏ်ရာရရှိကြောင်းသတင်းအရ ဘားကပ်ရဲကင်းမှူး ဒုရဲအုပ် စိုးခိုင်ဦးစီးအဖွဲ့မှ သွားရောက်စစ်ဆေးရာ ဘားအံဘက်​မှ မကျီးကျွန်းရွာဘက်​သို့ ​အော်​ကြီး(ခ)အောင်သီဟ၊(၃၃-နှစ်)၊မကျီးကျွန်းရွာ၊ ဘားအံမြို့နယ် ​နေသူ​မောင်းနှင်​သည့်​ YGN..4G/-----Hijet အဖြူ​ရောင်ယာဉ်​မှ အရှိန်မထိန်းနိုင်ဘဲ ဘုရား​ကျောင်းအဝင်​ မုဒ်​ဦးအုတ်​တိုင်​အား ဝင်​​ရောက်​တိုက်​မိခဲ့ခြင်းဖြစ်သည်။


ယာဉ်တိုက်မှုကြောင့် ယာဉ်​​မောင်း ​အော်​ကြီး(ခ)အောင်သီဟနှင့် ယာဉ်ပေါ်လိုက်ပါလာသူများဖြစ်သည့် စိုးမင်းထိုက်၊ ထက်​လင်းသူ၊ စန်းလှိုင်​နှင့်ပေါ်လင်းတို့တွင်​ ဒဏ်​ရာအသီးသီးရရှိခဲ့သဖြင့်​ ဘားအံ​ဆေးရုံကြီးသို့ ရဲ​ဆေးစာဖြင့်​​ပေးပို့ထားရှိကြောင်း သိရသည်။

ထို့ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အော်ကြီး(ခ)အောင်သီဟအား ဒုရဲအုပ်စိုးခိုင်မှ တရားလိုပြုလုပ်၍ ဘားအံမြို့မရဲစခန်းကအမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​ထားကြောင်းသိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
https://www.facebook.com/MYANMAALINNNEWS/
အရှိန်မထိန်းနိုင်သည့် ယာဉ်မှ ဘုရားကျောင်းမုဒ်ဦး အုတ်တိုင် ဝင်တိုက် ငါးဦးဒဏ်ရာရ အရှိန်မထိန်းနိုင်သည့် ယာဉ်မှ ဘုရားကျောင်းမုဒ်ဦး အုတ်တိုင် ဝင်တိုက် ငါးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.