လှိုင်သာယာမြို့မှ ပုသိမ်မြို့သို့ ကားဖြင့်လာရောက်၍ ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ


ပုသိမ်မြို့တွင် ဆိုင်ကယ်ခိုးမှုများအား ဖော်ထုတ်ဖမ်းဆီးရန် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲမြင့်၏ လမ်း ညွန်မှုအရ ပုသိမ်မြို့မစခန်းမှူး ဒုရဲမှူး မျိုးသူ၏ ကြီးကြပ်မှုဖြင့် ရဲအုပ် ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် (၇.၈.၂၀၁၇) ရက်နေ့ ည (၁၂) မှ စတင်ပြီး ပုသိမ်မြို့ ဝင်/ထွက် တိုးဂိတ်တွင် ပုသိမ်မြို့အတွင်းမှ ညအချိန်မတော် မသင်္ကာဖွယ် ထွက်လာသော ဆိုင်ကယ်များအား ညစဉ်စစ်ဆေးခဲ့ရာ (၁၃.၈.၂၀၁၇) ရက်နေ့ ည (၂) နာရီအချိန် ပုသိမ်မြို့အတွင်းမှ မသင်္ကာဖွယ် လူငယ် (၃) ဦး စီနင်းလာသော ဆိုင်ကယ် (၃) စီးအား စစ်ဆေးရာ ရပ်တန့်ခြင်းမရှိပဲ မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကိုးဆူကျေးရွာ တံတားအကျော် ကားလမ်းမပေါ်တွင် လူငယ် (၃) ဦးအနက် တစ်ဦး ထွက်ပြေးသွားပြီး ကျန်လူငယ် (၂) ဦးအား ထိုင်းနိုင်ငံလုပ် ဆိုင်ကယ် (၃) စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။


ထိုလူငယ် (၂) ဦးအား စီစစ်ခဲ့ရာ ပြည့်ဖြိုးဦး ၂၁ နှစ် နှင့် ကိုဖြိုး ၂၁ နှစ် လှိုင်သာယာမြို့နယ် နေသူတို့ဖြစ်ကြောင်းနှင့် ၄င်းတို့သည် တစ်ရပ်ကွက်တည်းနေ မြတ်ထွဠ်ဝင်းနှင့်အတူ လှိုင်သာယာမြို့မှ အဌားကားဖြင့် ပုသိမ်မြို့သို့ (၃) ကြိမ်ခန့်လာရောက်ကာ ထိုင်းနိုင်ငံလုပ်ဆိုင်ကယ်များအား ခိုးယူခဲ့ကြောင်းနှင့် ယခု မြကျွန်းသာအိမ်ယာဝန်းအတွင်းမှ ထိုင်းနိုင်ငံလုပ်ဆိုင်ကယ် (၄) စီးအား ခိုးထုတ်ပြီး အကောင်းဆုံး ဆိုင်ကယ် (၃) စီးအား ခိုးယူလာပြီး ကျန်တစ်စီးအား ထိုအိမ်ယာဝန်းအတွင်း ဝှက်ထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်များအား သိမ်းဆည်းပြီး ပိုင်ရှင်များထံ အကြောင်းကြား အပ်နှံပေး ခဲ့ပါသည်။


ယင်းနောက် တရားခံ ပြည့်ဖြိုးဦး၏ ထွက်ဆိုချက်အရ (၅.၈.၂၀၁၇) ရက်နေ့ တွင် တစ်ရပ်ကွက်တည်းနေ ဝေဖြိုး (ခ) မှတ်ကြီး မြတ်ထွဠ်ဝင်းတို့နှင့်အတူ ကားဖြင့် ပုသိမ်မြို့ သို့ လာရောက်ပြီး တက်နေဝန်းအဆောင်မှ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ် (၃) စီးအား ခိုးယူပြီး ပန်းတနော်မြို့နယ် ဒေါင့်ကြီး ကျေးရွာနေ အောင်ကြီး ထံသို့ ရောင်းချထားကြောင်း ထွက်ဆိုချက်အရ သက်သေခံပစ္စည်းဆိုင်ကယ်များအား ဒေါင့်ကြီးရွာသို့ သွားရောက်ခဲ့ပါသည်။


ဒေါင့်ကြီးရွာသို့ ရောက်ရှိစုံစမ်းစဉ် အောင်ကြီးမှာ ထွက်ပြေး သွားခဲ့ပြီး တရားခံများထံမှ သော့မပါသည့်ဆိုင်ကယ်များအား လာရောက်သယ်ဆောင်သွားသူ ဒေါင့်ကြီးရွာနေ မောင်မောင်တင့် မင်းမင်း အောင်ချမ်းကိုကို တို့အား ဖမ်းဆီးရမိခဲ့ပြီး အောင်ချမ်းကိုကို ထံမှ ဆိုင်ကယ်တစ်စီးအား ပြန်လည်သိမ်း ဆည်းရမိခဲ့ပါသည်။

ကျန်ခိုးမှု ကျူးလွန်သည့် တရားခံများအား ဖမ်းဆီးရမိရေး အတွက် လှိုင်သာယာမြို့သို့ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံ ဝေဖြိုး (ခ ) မှတ်ကြီးအား (၁၈) ရပ်ကွက်အတွင်းမှ ဖမ်းဆီးရမိခဲ့သော်လည်း မြတ်ထွဠ်ဝင်း မှာ ထွက်ပြေးသွားခဲ့ပါသည်။

၎င်းနောက် တရားခံများ ပုသိမ်မြို့သို့ ဆိုင်ကယ်များ ခိုးယူရန် အကြိမ်ကြိမ်လာခဲ့သော အဌားကားအား သိမ်းဆည်းပြီး နောက် ဥပဒေနှင့်အညီ တရားစွဲတင်ပို့သွားမည် ဖြစ်ပါသည်။

အမှုမှ တရားခံများနှင့် နောက်ထပ်ပူးပေါင်းခိုးယူသူများ ခိုးယူသည့် နေရာများ ခိုးရာပါဆိုင်ကယ်ရောင်းချသည့်နေရာများ အား ထပ်မံဖော်ထုတ်စစ်ဆေးဆောင်ရွက်နေလျက်ရှိပါသည်။

Zaw Min Tun
လှိုင်သာယာမြို့မှ ပုသိမ်မြို့သို့ ကားဖြင့်လာရောက်၍ ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ လှိုင်သာယာမြို့မှ ပုသိမ်မြို့သို့ ကားဖြင့်လာရောက်၍ ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.