ရွှေထားဝယ်ခရီးသည်တင်ယာဉ် အရှိန်လွန်ကာ ထမင်းဆိုင်ရှေ့ညအိပ်ရပ်နားထားသည့် ယာဉ်ငယ်သုံးစီးအား ဆင့်ကဲတိုက်မိ


ရေတာရှည် စက်တင်ဘာ၁၂

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တောင်နန်ချွန်ကျေးရွာရှိ ထမင်းဆိုင်ရှေ့၌ စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခွဲခန့်က ညအိပ်ရပ် နားထားသည့် ယာဉ်ငယ်သုံးစီးအား ရွှေထားဝယ် ခရီးသည်တင်ယာဉ်မှ အရှိန်လွန်ကာ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရေတာရှည်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် အောင်ကိုကိုသန့် နှင့်အဖွဲ့ကသွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင် မှ မြောက်သို့ ရန်နိုင်ထွန်း ၂၃ နှစ်၊(ယာဉ် နောက်လိုက်)၊အဟာဘောဂလမ်း၊ ညောင်လေးပင်မြို့နေသူမောင်းနှင်ပြီး ဇေယျာနိုင် ၂၆ နှစ်၊(ယာဉ် မောင်း)၊ကန်တော်ဦး(၃)လမ်း၊ ညောင်လေးပင်မြို့နေသူလိုက်ပါလာသော ရွှေထားဝယ်ယာဉ်လိုင်း BGO/---- YU TONG ခရီးသည်တင်ယာဉ်သည် ကားလမ်းမိုင်တိုင်အမှတ် ၁၈၇/၆ နှင့် ၇ အကြား တောင်နန်ချွန်ကျေးရွာ အခင်းဖြစ်နေရာအရောက် ကားလမ်းအရှေ့ဘက်ရှိ ဒေါ်မြဝင်း ထမင်းဆိုင်ရှေ့၌ ညအိပ်ရပ်တန့် ထားသည့် PRINCESS ပဲခူး-တောင်ငူနည်းပညာတက္ကသိုလ် ယာဉ်ငယ်လိုင်းမှ KIA အမျိုးအစားယာဉ်တစ်စီး၊ HYUND အမျိုးအစားနှစ်စီး စုစုပေါင်း သုံးစီးအားအရှိန်လွန်ကာဝင် ရောက်တိုက်မိခဲ့ပြီး KIA အမျိုးအစားယာဉ် ငယ်ပေါ်တွင် အိပ်ပျော်နေသည့် ယာဉ်မောင်း ကျော်ဇင်ထူး ၂၄ နှစ်၊ကလျာနီရပ်ကွက်၊ ပဲခူးမြို့နေသူမှာ မစိုးရိမ်ရဒါဏ်ရာများရရှိသွားခဲ့သည်။

 ယာဉ်မောင်းကအတော့်ကို မူးတာတွေ့ရတယ် ထမင်းရှေကအရောက်မှာ တောင်ဘက်ကနေ အောက်ကိုအရှိန်လွန်ဆင်းလာတာ လမ်းဘေးဓာတ်တိုင်ကိုအရင်ဦးဆုံးတိုက်မိပြီးတော့မှ ယာဉ်ငယ်သုံးစီးကိုဆင့်ကဲဝင်တိုက်မိတာ ပထမ ရပ်ထားတာက တောင်ဘက်မှာ တိုက်မိလို့ မြောက်ဖက်ကို ရွှေ့သွားကုန်တာ}}ဟု အခင်းဖြစ်ရပ်ကို စစ်ဆေးသည့် တာဝန်မှူး ဒုရဲအုပ် အောင်ကိုကိုသန့် ကပြောကြား သည်။

 ဖြစ်စဉ်နှင့်ပါတ်သက်၍ ရေတာရှည်မြို့မရဲစခန်းက ယာဉ်အားမဆင်မခြင်မူးယစ်သောက်စားပြီး မောင်းနှင်သူ ရန်နိုင်ထွန်း အား အမှုဖွင့် အရေး ယူဆောင်ရွက်ထားကြောင်းသိရသည်။

 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရွှေထားဝယ်ခရီးသည်တင်ယာဉ် အရှိန်လွန်ကာ ထမင်းဆိုင်ရှေ့ညအိပ်ရပ်နားထားသည့် ယာဉ်ငယ်သုံးစီးအား ဆင့်ကဲတိုက်မိ ရွှေထားဝယ်ခရီးသည်တင်ယာဉ် အရှိန်လွန်ကာ ထမင်းဆိုင်ရှေ့ညအိပ်ရပ်နားထားသည့် ယာဉ်ငယ်သုံးစီးအား ဆင့်ကဲတိုက်မိ Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.