ရေခဲတင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ နေအိမ်အတွင်းသို့ ဝင်ရောက်တိုက်မိ ယာဉ်မောင်းနှင်သူ သေဆုံး


မြိတ် စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စက်တင်ဘာလ(၁၁)ရက် နေ့လယ်(၁း၃၀)နာရီတွင် ရေခဲတင် ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ မြိတ်တောင်နယ်မြေ မြို့သစ်(၅)ရပ်ကွက်၊ ဘီအိုစီလမ်းရှိ နေအိမ် တစ်အိမ် အတွင်းသို့ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း နေထက်အောင် (ကျော်ချမ်းသာရေခဲစက်) ကန်ဖျားရပ် မြိတ်မြို့နေသူ တစ်ဦး တည်းမောင်းနှင်လာသော HINO ခေါင်းတိုအမျိုးအစား အပြာရောင်ရေခဲတင်ကားသည် ထူးထူးတိုးငါးမှုန့် ကြိတ်စက်ရုံ ဘက်မှ ဦးမြတ်လေးလမ်းမကြီးဘက်သို့ ဘီအိုစီလမ်းအတိုင်း မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ နေအိမ်ရှေ့ဝဲဘက်ခြမ်းသို့ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း နေထက်အောင်တွင် အပေါ်နှုတ်ခမ်းဖူးရောင်ဒဏ်ရာ၊ ဝဲတံတောင် ပွန်းခြစ်ဒဏ်ရာ၊ လည်ပင်းအောက်ပွန်းခြစ်ဒဏ်ရာ၊ပြတ်ရှဒဏ်ရာများရရှိသဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကု သမှုခံယူနေစဉ် ရရှိသောဒဏ်ရာဖြင့် နေ့လယ်(၂း၃၀)နာရီတွင် သေဆုံးသွားကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

Iprd Myeik
ရေခဲတင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ နေအိမ်အတွင်းသို့ ဝင်ရောက်တိုက်မိ ယာဉ်မောင်းနှင်သူ သေဆုံး ရေခဲတင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ နေအိမ်အတွင်းသို့ ဝင်ရောက်တိုက်မိ ယာဉ်မောင်းနှင်သူ သေဆုံး Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.