ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်မှာကိုစိုးရိမ်

မောင်တောမြို့ ကညင်တန်းရပ်ကွက်က မီးလောင်ထားတဲ့အိမ်တစ်လုံးကို စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Thiha Tun/RFA
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သူတို့အပေါ်  တန်ပြန်အကြမ်းဖက်တာတွေ ပေါ်ပေါက်လာမှာ စိုးရိမ်နေကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

အထူးသဖြင့် မြန်မာနဲ့ နယ်စပ်အနီး ကောက်စ်ဘဇားဒေသမှာ ဒေသခံတွေနဲ့  ရိုဟင်ဂျာမွတ်စလင်တွေဟာ ဘာသာစကားတူ၊ ယဉ်ကျေးမှုတူဖြစ်ကြလို့ ဗုဒ္ဓဘာသာဝင်တွေအပေါ် တိုက်ခိုက်လာမှာ စိုးရိမ်နေကြတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတုန်းကလည်း ကောက်စ်ဘဇားဒေသမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေ၊  ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အခုတော့ အရင်ကလို မဖြစ်ရအောင် ကောက်စ်ဘဇား အာဏာပိုင်တွေက ဗုဒ္ဓဘာသာဝင်တွေရှိရာ နေရာတွေကို လုံခြုံရေးအင်အား ၅၅၀ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ