ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အား တင်ဆောင်ထွက်ပြေးသွားခဲ့သည့် ကား ဖမ်းမိ


စက်တင်ဘာလ ၂၁ရက်နေ့ ညက ထိုင်းနိုင်ငံ နကော်ဖနုံမှာ ကားနံပါတ် ฌ 5323 ကို ရဲတပ်ဖွဲ့ က ရှာဖွေတွေ့ သွားပြီဖြစ်ပါတယ်၊ တိုယိုတာအမျိုစား ငွေရောင်ကားနဲ့  သြဂုတ်လ ၂၃ရက်ညပိုင်းက ၀န်ကြီးချုပ်ဟောင်းယင်လပ်Yingluck Shinawatra ကို နေအိမ်ကနေ တိတ်တဆိတ်ခေါ်ထုတ်သွားခဲ့တာကို CCTV မှတ်တမ်းအရသိခဲ့တာပါ။

ကားပိုင်ရှင်ရဲအရာရှိကြီး ကိုလည်း ဆက်လက် စစ်ဆေးမှုတွေပြုလုပ်နေပြီလို့ ဆိုပါတယ်။

ကားအတွင်းမှာ ရှိနေတဲ့သက်သေအထေက်အထားတွေကို ဆက်လက်စစ်ဆေးနေကြပြီး မကြာခင်သတင်းထုတ်ပြန်မှာဖြစ်ကြောင်း သိရပါတယ်။


ယင်လပ်အစိုးရလက်ထက်မှာ လယ်သမားတွေဆီက ဆန်အပေါင်ခံပြီး အစိုးရချင်းဈေးပြိုင်စနစ်နဲ့ ရောင်းလုပ်ခဲ့တဲ့ စီမံကိန်းကြောင့် ဘတ်ငွေသန်းပေါင်း (၆)သိန်း ဆုံးရူံးခဲ့ရတဲ့အတွက် အလွဲသုံးစား အမှုနဲ့  တရားရင်ဆိုင်နေရတဲ့ ၀န်ကြီးချုပ်ဟောင်း ယင်လပ်ဟာ တရားရုံးက အမိန့် ချမယ့်နေ့ မှာ နိုင်ငံတွင်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။


စစ်ဖက်အရပ်ဖက် အစိုးရ နိုင်ငံခေါင်းဆောင်တွေရဲ့  လုပ်ရပ်မှားသွားခဲ့ရင် ၀မ်းနည်းပါတယ်လို့  တောင်းပန်လို့ မရသလို မသိဟန်ဆောင်ပြီး မဆိုင်သလို နေလို့ မရပါဘူး။ ဖွဲ့ စည်းပုံဥပဒေ ခိုင်မာနေတဲ့ နိုင်ငံတွေမှာ ရဲ-စစ်တပ်-၀န်ထမ်း အစိုးရအဖွဲ့  အတွင်း မှာ မသမာမှု တွေ လုပ်ငန်းဆိုင်ရာ အမှားတွေရှိခဲ့ရင် ခုလိုပဲ အရေးယူခံရပါတယ်၊ အာရှနိုင်ငံတွေမှာ ဖိလစ်ပိုင်နဲ့  တောင်ကိုရီးယား နိုင်ငံတွေက အမျိုးသမီးခေါင်းဆောင်နှစ်ဦးဟာလည်း နိုင်ငံအုပ်ချုပ်နေစဉ် အုပ်ချုပ်ရေးဆိုင်ရာ အလွဲမှားတွေ လုပ်မိလို့  တရားစွဲတာခံခဲ့ရပါတယ်။

Credit naewna.com
Social Action for Children and Women - SAW
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အား တင်ဆောင်ထွက်ပြေးသွားခဲ့သည့် ကား ဖမ်းမိ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အား တင်ဆောင်ထွက်ပြေးသွားခဲ့သည့် ကား ဖမ်းမိ Reviewed by THITHTOOLWIN on 15:08 Rating: 5
Powered by Blogger.