ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ပိတ်ဆို့ စစ်ဆေးရေးဂိတ်တွင် သေနတ်လုထွက်ပြေးသူအား ဖမ်းဆီးရမိ


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ပိတ်ဆို့စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ(၂၁)ရက် နေ့လယ်(၁)နာရီက မိုးမိတ်မြို့နယ်က ရဲတပ်ဖွဲ့ဝင်ကို ဓားနဲ့ခုတ်ပြီး သေနတ်လုယူထွက်ပြေးခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ပိတ်ဆို့စစ်ဆေးရေးဂိတ်မှာ မိုးကုတ်မြို့ကနေ ပြင်ဦးလွင်မြို့ဘက်ကို မောင်းနှင်လာတဲ့ ကြယ်စင်လင်းယာဉ်လိုင်း အေဒီဘင်အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် တစ်ဦးဟာ ယာဘက်ရင်အုံမှာ သေနတ်ဒဏ်နဲ့ တွေ့ရှိတာကြောင့် စစ်ဆေးမေးမြန်းရာ မိုးမိတ်မြို့မရဲစခန်းက (ပ)၁၆၆/၂၀၁၇ လက်နက် ၂(၁)(က) (ပ)၁၆၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃ အမှုက ထွက်ပြေးတိမ်းရှောင်လာ သူဖြစ်တယ်လို့စစ်ဆေးသိရှိရပါတယ်။


 အဲဒီလူကို ဆက်လက်စစ်ဆေးရာ စက်တင်ဘာ(၂၀)ရက် နံနက်(၅)နာရီ ခန့်က မိုးမိတ်မြို့နယ် ဘော်ဒေးကျေးရွာမှာ မသင်္ကာသူ(၂)ဦးက ရဲတစ်ဦးကို ဓားနဲ့ခုတ်ရာမှာ ရဲကခြောက်လှန့်ပစ်ခတ်ရာက သေနတ်ဒဏ်ရာရရှိခဲ့ပြီး ရဲရဲ့ (၆)လုံးပြူးသေနတ်ကို လုယူသိမ်းဆည်းထားကြောင်း၊ နွားကုန်ကူးသူတွေဖြစ်ကြောင်း အခင်းဖြစ်ရာမှာပါဝင်သူနောက်တစ်ဦးဟာ သူရဲ့ဖခင်ဖြစ်ကြောင်း သိရပါတယ်။

 ပြစ်မှုကျူးလွန်ခဲ့သူကို ပြင်ဦးလွင်ဆေးရုံကြီးကို ပြင်ဦးလွင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ပို့ဆောင်ဆေးကုသပေးနေခဲ့ပြီး အဲဒီတရားခံကို မိုးမိတ်မြို့မရဲစခန်းမှူးနဲ့ အဖွဲ့က ပြင်ဦးလွင်ရဲစခန်းကို လာရောက်ခေါ်ဆောင်ကာ ပြစ်မှုကျူးလွန်ခဲ့သူရဲ့ ဖခင်ကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို အောင်သူ(ပြင်ဦးလွင်)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ပိတ်ဆို့ စစ်ဆေးရေးဂိတ်တွင် သေနတ်လုထွက်ပြေးသူအား ဖမ်းဆီးရမိ ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ပိတ်ဆို့ စစ်ဆေးရေးဂိတ်တွင် သေနတ်လုထွက်ပြေးသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 14:45 Rating: 5
Powered by Blogger.