မြန်မာအလုပ်သမားများအပေါ် စကားရင့်သီးစွာ ပြောဆိုသည့် အလုပ်ခွင်မန်နေဂျာအား တာဝန်မှရပ်ဆဲ သွားမည်ဟုဆို


ဘုရားသုံးဆူ စက်တင်ဘာ ၁၂

ထိုင်းမြန်မာနယ်စပ်၊ စံခလပူရီ မြို့နယ်၊ ကျယ်ဒီဆန်အုန်းကျေးရွာ(ရှမ်းကုန်း)ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂၅၀) ဦးခန့်သည် စက်ရုံ၏ စည်းကမ်းချက်အသစ် ထုတ်ပြန်ခြင်းအား မန်နေဂျာဖြစ်သူမှ စကားရင့်သီးစွာ ပြောဆိုသည့်အတွက် အလုပ်ခွင်မှ ပြန်လာခဲ့ကြသဖြင့် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများမှ စက်ရုံပိုင်ရှင်ထံ ဆက်သွယ်ဆွေးနွေးရာ စက်ရုံပိုင်ရှင်မှ မန်မာအလုပ်သမားများအပေါ် စကားရင့်သီးစွာ ပြောဆိုသည့် အလုပ်ခွင်မန်နေဂျာအား တာဝန်မှရပ်ဆဲ သွားမည်ဟု သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ကျယ်ဒီဆန်အုန်းကျေးရွာ(ရှမ်းကုန်း)ရှိ BSN ဖိနပ်စက်ရုံတွင် မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်မှ နေ့ချင်းပြန် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂၅၀)ဦးမှာ ထိုင်းနိုင်ငံသူ စက်ရုံမန်နေဂျာဖိနိုင်မှ အလုပ်သမားများအား အစားအသောက်၊ အသုံးအဆောင် ပစ္စည်းများကို အလုပ်ချိန်အတွင်း ယူဆောင်ခြင်းမပြုရန်၊ သီးခြားနေရာတွင် ထားရန်၊ နားနေချိန်မှသာ ယူဆောင် ယူဆောင် အသုံးပြုရန် စည်းကမ်းအသစ်ချမှတ်ကြောင်း ယနေ့နံနက်ပိုင်းက ပြောဆိုခဲ့ရာတွင် စကားရင့်သီးမောက်မာစွာ ပြောဆိုသည့် အတွက် အလုပ်သမားများက မကျေနပ်၍ ပြန်လာခြင်း ဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် ကိုငယ်၏ ပြောပြချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်အား မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများမှ ထိုင်းနိုင်ငံရှိ အဆိုပါစက်ရုံပိုင်ရှင်အား ဆက်သွယ်၍ အလုပ်သမားအရေးကိစ္စ ဆွေးနွေးညှိနှိုင်းရာမှာတော့ စက်ရုံပိုင်ရှင်မှ အလုပ်သမားများ လုပ်ငန်းခွင်ကို ပုံမှန်ပြန်လည် လုပ်ခွင့်ပေးမည်ဖြစ်ပြီး လုပ်ငန်းခွင်တွင် ဆက်ဆံရေးမပြေပြစ်သည့် မန်နေဂျာအား တာဝန်မှ ရပ်ဆဲသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်စည်းကမ်းနှင့်ပတ်သက်၍ ပြေလည်မှုရရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

မင်းသူ/ထွန်းထွန်းထွေး (ဘားအံ)
https://www.facebook.com/MYANMAALINNNEWS/
မြန်မာအလုပ်သမားများအပေါ် စကားရင့်သီးစွာ ပြောဆိုသည့် အလုပ်ခွင်မန်နေဂျာအား တာဝန်မှရပ်ဆဲ သွားမည်ဟုဆို မြန်မာအလုပ်သမားများအပေါ် စကားရင့်သီးစွာ ပြောဆိုသည့် အလုပ်ခွင်မန်နေဂျာအား တာဝန်မှရပ်ဆဲ သွားမည်ဟုဆို Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.